ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ စစ်တွေခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဗဟိုကော်မတီဝင် ဦးထွေးလှ (နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာကော်မတီဝင်) တို့နှင့် ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို နိုဝင်ဘာ (၁၅) ရက် နေ့လည် (၂) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

3

တွေ့ဆုံပွဲသို့ ဗဟိုကော်မတီဝင်/ပြည်နယ်ကော်မတီဝင်များ၊ စစ်တွေခရိုင်ကော်မတီဝင်များ၊ စစ်တွေမြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဦးထွေးလှမှ ဗဟို ပါတီမှချမှတ်ထားသော လုပ်ငန်းစဉ်များဆွေးနွေးခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များမှ မိမိတို့ လုပ်ငန်းဆောင်ရွက်သည့်အခါ လက်တွေ့ ကြုံတွေ့ရသည့် အခက်အခဲများ၊ ပါတီဌာနချုပ်သို့ မိမိပြည်နယ်အနေဖြင့် တင်ပြလိုသည်များကို ဦးထွေးလှထံမှ တင်ပြပေးသွားရန် အကြံပြုဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ပါတီဥက္ကဌ ဒေါက်တာစန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲကို ညနေ (၄) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းမောင်

 


Leave a Reply