ဂန့်ဂေါမြို့နယ် ကျောက်ဂူဆရာတော်၏ အန္တိမအဂ္ဂိဈာပနပူဇာအထူးတရားပွဲပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ တက်ရောက်နာကြား

 

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်(၇)ရွာ ပရဟိတရေထွက်တောရကျေးဇူးတော်ရှင် ကျောက်ဂူဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒာစရိယ၏ အန္တိမအဂ္ဂိဈာပနပူဇာအထူးတရားပွဲ ကျင်းပခဲ့ရာ ယမန်နေ့တွင် မဟာမြိုင်သဲဖြူဆရာတော် ဘဒ္ဒန္တပညာဇောတ ကမ္မဋ္ဌာနာ စရိယ သာသနဓဇဓမ္မာစရိယ မဟာမြိုင်တောရက တပည့်ကောင်းတို့၏ဆရာ၊ ဆရာကောင်းတို့၏တပည့် တရားတော် ချီးမြှင့်ခဲ့သည်။
အဆိုပါတရားပွဲသို့ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦး ပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှု ဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟို အလုပ်အမှုဆောင်ကွေးတိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်ဌေး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးကြည်ထွန်း၊ ဦး အောင်နိုင်၊ ဦးဝင်းမြင့်မောင်၊ ဂန့် ဂေါခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ချို၊ ဂန့်ဂေါမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော် စွာမင်းနှင့် ပါတီဝင်များ၊ ဒေသခံ ပြည်သူများ စုစုပေါင်း အင်အား ၁ဝဝဝကျော် တက်ရောက်သည်။

တရားပွဲအပြီး အလှူငွေများ ပေးအပ်ရာ ပြည်ခိုင်ဖြိုးပါတီက တရားပွဲဓမ္မပူဇာအဖြစ် အလှူငွေ ကျပ်သုံးသိန်း၊ မဟာမြိုင်တောရ ဆရာတော်အတွက် နဝကမ္မအလှူ ငွေကျပ် သုံးသိန်း၊ ကျောက်ဂူဆရာ တော်၏ အန္တိမအဂ္ဂိဈာပနအတွက် အလှူငွေကျပ် ခြောက်သိန်း စုစု ပေါင်းအလှူငွေကျပ် ၁၂သိန်းကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေး မှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ် အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် ဌေးတို့က ပေးအပ်လှူဒါန်းခဲ့ သည်။