ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံ

 

မအူပင် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် မအူပင်မြို့နယ် အတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံ ပွဲအခမ်းအနားများကို ယမန်နေ့ ညနေ ၄ နာရီမှ ၅ နာရီ အထိ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲများကို ညနေ ၄ နာရီတွင် မအူပင် မြို့နယ် အလန်းကြီးကျေးရွာအုပ်စု အလန်းကြီးကျေး ရွာရှိ လယ်သမားကြီးဦးမြမောင်နေအိမ်၌လည်းကောင်း၊ ညနေ ၅ နာရီတွင် တလုပ်လပ်အရှေ့ကျေးရွာအုပ်စု တလုပ်လပ်အရှေ့ကျေးရွာရှိ လယ်သမားကြီးဦးခင်ဆွေ နေအိမ်၌လည်းကောင်း ဒေသခံတောင်သူလယ်သမားများ၊ ပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲများမဆောင်ရွက်မီ မအူပင်ခရိုင်ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီများနှင့်တွေ့ဆုံ၍ လုပ်ငန်း ကိစ္စများမှာကြားခဲ့ကြောင်း သိရ သည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဧရာ ဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး ကျော်ဖေဦးနှင့် ခရိုင်ပါတီကော် မတီဝင်များ၊ မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ဒေသခံတောင်သူလယ် သမားများ၊ ပြည်သူများ၊ ပါတီဝင် များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)