ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေပေးအပ်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ကျည်တောင်လျှပ်စစ် ဝင်းအတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ယခုလ ၂၄ ရက်နံနက် ၃ နာရီ ပေါင်းလောင်းစီမံကိန်းစက်မှုကိုးခန်းတွဲ မီး လောင်မှုဖြစ်ပွား၍မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု ၂၁ စုနှင့် လူဦးရေ ၆၅ ဦး အတွက် ဇေယျာ သီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း က မီးဘေးကူညီရေးထောက်ပံ့ငွေများ ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းနှင့်ဇနီးဒေါ်မာမာဝေ မိသားစု က အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂ဝဝဝဝ ဖြင့် ကျပ် ၄၂ဝဝဝဝ ၊ ကျည်တောင်အုပ်စု ရှိအဖြူရောင်တွဲလက်များ ပရဟိတအသင်း နှင့်မြတ်ပါရမီပရဟိတအသင်းတို့အတွက် အလှူငွေကျပ် ၈ဝဝဝဝ စုစုပေါင်း ငါး သိန်းအား သွားရောက်ပေးအပ်ထောက်ပံ့ ခဲ့သည်။ အလားတူအလှူရှင် ဦးစိုင်းကိုကို၊ ဇနီးဒေါ်ချိုချိုဝင်း၊ သမီး မသင်းရတီစု မိသားစုက အလှူငွေကျပ်သုံးသိန်းကို မီး ဘေးသင့် ပြည်သူများထံသို့ အသီးသီး ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ရာသို့ ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူဦးလှဌေးဝင်း၊ ပြည်ခိုင်ဖြိုး ပါတီ ပြည်ထောင်စုနယ်မြေကော်မတီဝင်၊ ဇေယျာသီရိ မြို့နယ်တာဝန်ခံဦးဖေသန်းဦး၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ ပရဟိတ အသင်းများဖြင့်စုစုပေါင်းအင်အား ၈ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)