ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးနှင့် ရွှေပြည်တော်ဆုံမှတ်အဖွဲ့ ကူညီထောက်ပံ့ ရေးကိစ္စ ဆွေးနွေး

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၁၇း၀၀) နာရီအချိန်တွင် ပြည်နယ်ပါတီရုံးအစည်းအဝေး ခန်းမ၌ ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာစန်းရွှေနှင့်ဗဟိုဌာနချုပ် နိုင်ငံရေးနှင့်        တိုင်းရင်း သားရေးရာကော်မတီဝင် ဦးထွေးလှ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့တို့နှင့်တွေ့ဆုံကာ အကြမ်းဖက်ခံရ၍ တိမ်ရှောင်လာကြသော ရခိုင်တိုင်းရင်းသားလူမျိုးစုများအား     ကူညီပံ့ပိုးပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်မှ စတင်၍ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အားအမှုထား၍ ရွှေပြည်တော် သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီမှုဖြင့် စစ်တွေမြို့ နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ၌ ဘင်္ဂလီအကြမ်းဖက်မှုကြောင့် စစ်တွေမြို့ပေါ်သို့ ရောက်ရှိ လာကြသော ဒုက္ခသည်စခန်း များသို့သွားရောက်ပြီး ခြင်ထောင်များနှင့် စောင်များအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့မှ စစ်တွေမြို့ပေါ်ရှိ အဓိဋ္ဌါန်ကျောင်းတိုက်၌ ခိုလှုံလျှက်ရှိသော အိမ်ထောင်စု (၁၀၄) စုအတွက် ခြင်ထောင် (၁၁၃)ခု အား လည်းကောင်း၊ ဓမ္မာရာမ       ကျောင်းတိုက်၌ ခိုလှုံလျှက်ရှိသော အိမ်ထောင်စု (၇၇) စုအတွက် စောင်(၁၁၅)ထည်အားလည်းကောင်း၊ ပြည်ကြီမဏ္ဍိုင်ကျောင်းတိုက်၌ ခိုလှုံလျှက်ရှိ သော အိမ်ထောင်စု (၃၅)စုအတွက်      စောင် (၆၃)ထည်အားလည်းကောင်း၊ ဓမ္မပါလကျောင်းတိုက်၌ ခိုလှုံလျှက်ရှိ သော အိမ်ထောင်စု (၅၈) စုအတွက် စောင် (၁၀၆)ထည်အားလည်းကောင်း၊ ခိုလှုံလျက်ရှိသောစခန်းတွင်            အကြမ်းဖက်မှုကြောင့် ဒါဏ်ရာရရှိနေသောအမျိုးသမီး (၁)ဦးနှင့် ကျန်းမားရေးချို့တဲ့နေသော ကလေးငယ် (၃)ဦးအား ဆေးကုသမှုများပြုလုပ်ခဲ့ကြပြီး ဒုက္ခသည်စခန်းများ၌ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား မုန့်များနှင့် ဆေးဝါးပစ္စည်းများဝယ်ယူရန်အတွက် အလှူငွေ များအားလည်းကောင်း၊ စစ်တွေမြို့ပေါ်သို့ (၂.၉.၂၀၁၇) နေ့ လာရောက်ကြသည့် ဒုက္ခသည်များအား ရွှေနဒီသဘောင်္ဆိပ်သို့ သွားရောက်ပြီး မုန့်များ၊ ရေသန့်ဗူးများ ပေးလှူးခဲ့ ကြကြောင်းနှင့် ၃.၉.၂၀၁၇နေ့တွင် ပြည်နယ်ပါတီကော်မတီဝင် လူငယ် ရေးရာတာဝန်ခံ ဦးစန်းငွေ ဦးဆောင်၍  ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ပံ့ပိုးလှူဒါန်းရန် ထွက်ခွါမည် ဖြစ်ကြောင်း သိရှိရပါသည်။