ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီနှင့် မြို့နယ် ကော်မတီများ လုပ်ငန်းညှိနှိုငးအစည်းအဝေးကို နေ့လည် ( ၀၃:၃၀) က မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟို အရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင်များ ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက် က ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေးက ထပ်မံတိုးချဲ့ ဖွဲ့စည်းထားသော ခရိုင်ပါတီ ကော်မတီဝင်များ နှင့် ၎င်းတို့တာဝန်ယူမည့်ရေးရာအလိုက် မိတ်ဆက်ပေးပြီး တက်ရောက်လာသော မြို့နယ်များက မြို့နယ်တွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို တင်ပြဆွေးနွေး၍ အစည်းအဝေးကို ညနေ (၄)နာရီတွင်ပြီးဆုံး ခဲ့ကြောင်း သိရသည်။ #bobo (ygn)