ပြည်နယ်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ(၄)ရက်နေ့ နံနက်(၁)နာရီချိန်မှ စတင်ကာ ပါတီဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် ဗဟိုကော်မတီဝင် ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ အစည်းအဝေးပြုလုပ်ခဲ့သည်။

14523201_1787550214866120_4207896770206842454_n

အဆိုပါအစည်းအဝေးတွင် ပါတီဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ ဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်များနှင့် မိမိတို့ပါတီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးကာ တက်ရောက် လာကြသော ပြည်နယ်ပါတီကော်မတီဝင်များနှင့် ပါတီအရန်ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်း ကြရာ ပြည်နယ်ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မွန်းလွဲ(၂)နာရီချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

မုဒုံ သား


Leave a Reply