အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုကလေး ပြည်ခိုင်ဖြိုး ဒါနကုသိုလ်ပြု

အောက်တိုဘာ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဘိုကလေးမြို့ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ၌ ထာဝရ အလှူရှင်မိသားစုများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဆရာတော်(၅)ပါးကို တစ်ပါးလျှင် ဝါဆိုသင်္ကန်း(၁)စုံ၊ ဝတ္တုငွေ ၂၀၀၀၀ကျပ်စီနှင့် ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီလူငယ်နှင့် အမျိုးသမီးအဖွဲ့များမှ အဘိုးအဘွား (၃၇)ယောက်အား တကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိပ်ဆောင်များ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းတို့ကို ပြုလုပ် ကုသိုလ်ယူ၍ အဘိုးအဘွားများအား နံနက်စာထမင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

# May Than Oo


Leave a Reply