ဘိုင်ယန်နှင့် ပီအက်စ်ဗီ လိဂ်ဖလားများဆွတ်ခူး၊ အောက်ဆုံးအသင်းများ တန်းမဆင်းရရေး ရုန်းကန်ရဦးမည်

မြူးနစ်− ဘိုင်ယန်မြူးနစ်အသင်း သည် စံချိန်တင်လေးနှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့ပြီး ပီအက်စ်ဗီ အသင်းသည်လည်း နယ်သာလန်လိဂ်ဖလားကို ထပ်မံရရှိခဲ့သည်။ သို့သော် စပိန်တွင် အဓိက ပြိုင်ဘက်များဖြစ်သော ဘာကာနှင့် ရီးရဲလ်တို့၌ လောလောဆယ် ဘာကာက အသာစီးရထားသော်လည်း ရီးရဲလ်က အမီလိုက်နိုင်သေး၍ နှစ်သင်းစလုံး နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။

ဂျာမနီတွင် ရောဘတ်လီ ၀မ်ဒေါစကီး၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဘိုင်ယန်က အင်ဂိုစတက်ဒ်အသင်း ကို ၂-၁ ဂိုးဖြင့် နိုင်ပြီးနောက် စံချိန်တင် လေးကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးသွား ခြင်းဖြစ်သည်။ မေလ ၂၁ ရက်တွင် ကစားမည့် ဂျာမန်ဖလားဗိုလ်လုပွဲ၌ ဘိုင်ယန်နှင့် ရင်ဆိုင်ရမည့် ဒုတိယနေရာမှ ဒေါ့မွန်အသင်းသည် ဖရန့်ဖတ်ကို အဝေးကွင်းတွင် ၁-၀ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့၍ ဘိုင်ယန်နည်းပြ  ဂွါဒီယိုလာ၏ နောက်ဆုံး ရာသီတွင် ၂၀၁၆ အတွင်း ပထမဆုံးရရှိသော ဆုဖလား အတွက် အောင်ပွဲခံခဲ့ကြသည်။

မိုချန်ဂလာဘတ်အသင်းသည် စတုတ္တနေရာရရှိရန် သေချာလုနီးပါးဖြစ်နေပြီး လေဗာကူဆင်ကို ၂-၁ ဂိုးဖြင့် နိုင်ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရရှိခဲ့ခြင်းဖြစ်သည်။ နယ်သာလန်တွင် အေဂျက်ဇ်အသင်းသည် ပီအက်စ်ဗီ နှင့် ရမှတ် တူနေသော်လည်း ဂိုးကွာခြားချက်အသာဖြင့် ရာသီကုန် နောက်ဆုံးပွဲ၌ ဒီဂရာစကတ်အသင်းနှင့် တစ်ဂိုးစီသရေ ကျခဲ့သောကြောင့် လိဂ်ဖလားကို ပီအက်စ်ဗီအသင်းက ထပ်မံရရှိခဲ့သည်။

ပီအက်စ်ဗီသည် ပီအီးစီ အသင်းကို ၃-၁ ဂိုးဖြင့် နိုင်ကာ ၃၄ ပွဲတွင် ၈၄ မှတ်ရရှိပြီး အေဂျက်ဇ် ထက် နှစ်မှတ်အသာဖြင့် ဖလား ရရှိသွားခြင်းဖြစ်သည်။ နယ်သာလန်လိဂ်ပြိုင်ပွဲ အ မှတ်ပေးဇယားကို ယခုရာသီ၏ အချိန်အများစု ဦးဆောင်နိုင်ခဲ့ သည့် အေဂျက်ဇ်အသင်းသည် မဟာအခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

လိဂ်အသီးသီးတွင် ရာသီကုန်ခါနီး၌ အသင်းအချို့ ဖလား ရခဲ့ပြီး အချို့အသင်းများက တန်းမဆင်းရရေး ဆက်လက်တိုက်ပွဲ ၀င်နေရဆဲ ဖြစ်သည်။ စပိန်တွင် လီဗန်တေး၊ ဗယ်လီကာနိုနှင့် ဂီဂျွန်အသင်းတို့ တန်းဆင်းဇုန်ထဲရှိနေသော်လည်း ဂီဂျွန်နှင့် ရမှတ်တူ ဂီတာဖေးသည်လည်း အန္တရာယ်မှ လွတ်မြောက်အောင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။

ဂျာမန်ဘွန်ဒက်စ်လီဂါတွင် ဟန်နိုဗာ၊ စတုဂတ်နှင့် ၀ါတာဘရီမင်တို့ တန်းဆင်းဇုန်ထဲရှိနေသော်လည်း တန်းဆင်းဇုန် အနားကပ် နေသောအသင်းများ အမှတ် ကွာခြားမှု ကျဉ်းမြောင်းလွန်းသောကြောင့် လက်ရှိယှဉ်ပြိုင်နေသည့် ဘွန်ဒက်စ်လီဂါ၌ ဆက်နေခွင့်ရရေး ရုန်းကန်ရဦးမည်ဖြစ်သည်။ အင်္ဂလန် ပရီးမီးယားလိဂ် တွင် အက်စတွန်ဗီလာ၊ နောဝှစ်ခ်ျ နှင့် နယူးကာဆယ်တို့ တန်းဆင်းရန် သေချာသလောက်ဖြစ်နေပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာရှိ ဆန်းဒါးလန်းက ရာသီကုန် နောက်ဆုံးပွဲ၊ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရမည်ဖြစ်သည်။   —Ref:AP


Leave a Reply