ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ ရာထူးမှ နုတ်ထွက်မည်

ဘောလုံးလောကမှ ခြောက်နှစ်ကြာ ပိတ်ပင်ခံရမှု ရင် ဆိုင်ရပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌပလာတီနီ ရာထူး မှ နုတ်ထွက်မည်ဖြစ်သည်။

အားကစားဆိုင်ရာ အငြင်း ပွားမှု ဖြေရှင်းရေးရုံး (CAS) က ဖီဖာ၏ ခြောက်နှစ် ပြစ်ဒဏ်ကို  လေးနှစ်အထိသာ လျှော့ချပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်ထွက် ပေါ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားသည်။

ပလာတီနီနှင့် ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာတို့သည် နှစ်ဦးကြား ဆွစ်ဇာလန်ဖရန့် ငွေ နှစ်သန်းအပေးအယူကိစ္စ၌ ကျင့်ဝတ်ချိုး ဖောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့သည်။

အမှားမကျူးလွန်ခဲ့ကြောင်း ပြောကြားသော ၎င်းတို့နှစ်ဦး၏ မူလပြစ်ဒဏ် ရှစ်နှစ်ပိတ်ပင်မှုကို ဖီဖာအယူခံကော်မတီက ခြောက်နှစ်သို့ လျှော့ချပေးခဲ့သည်။

ဖီဖာပိတ်ပင်မှုကို ပြောင်းပြန်လှန်ရန် ရည်ရွယ်၍ ပလာတီနီက CAS ရုံးသို့ တက်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့ကြား ငွေပေးချေမှု၏ တရားဝင်ဖြစ်မှုကို ယုံကြည်မှု မရှိဟူ၍ အဖွဲ့ဝင် သုံးဦးပါ CAS ခုံရုံးက ဆုံးဖြတ်ခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် တရားမမျှတဟု ယူဆပြီး အလွန် စိတ်ပျက်ရသည်ဟု ပလာတီနီက ပြောသည်။

—Ref:BBC


Leave a Reply