အရိုးကျည်းပေါင်းကို ကာကွယ်ပေးနိုင်တဲ့ ပေါက်ပန်းဖြူ

ပေါက်ပန်းဖြူကို စားပေးလျှင် အရိုးကျည်းပေါင်းဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ Sesbania grandiflora လို့ခေါ်တဲ့ ပေါက်ပန်းဖြူမှာ ပါဝင်ထားတဲ့ ဓါတ်တစ်မျိုးဟာ အရိုးကျည်းပေါင်း ဖြစ်စေနိုင်တဲ့ ဆဲလ်များကို ကာကွယ်ပေး တယ်လို့ ဆိုပါတယ်။

14225430_548047658717724_5403669283910821887_n

ပေါက်ပန်းဖြူမှာ အဖြူရောင်နဲ့ အနီရောင် ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံး ဆေးဖက်ဝင်ပါတယ်။ သဘာဝ အတိုင်း အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး ဈေးထဲမှာလည်း အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်။ ပေါက်ပန်းဖြူ၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများ၊ ဆေးဖက်ဝင်ပုံများကိုလည်း မကြာခဏ ဖတ်ရှုလေ့လာရပါတယ်။

ဒါ့ကြောင့် ဈေးလည်းမကြီး၊ အလွယ်တကူလည်း ရနိုင်တဲ့ ပေါက်ပန်းဖြူကို မကြာခဏ ပြုတ်၍ တို့စရာမဖြစ် စားပေးခြင်း၊ အသား၊ ငါးတို့ဖြင့် ဟင်းချက်စားခြင်း၊ ပြုတ်၍သုပ်စားခြင်းတို့ ပြုလုပ်ပေးပြီး အရိုးကျည်းပေါင်း ရောဂါကို ကာကွယ်နိုင်ကြပါစေကြောင်း ရေးသားမျှဝေပေးလိုက်ပါတယ်။

လူသားအာလုံး ရောဂါကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေ။

Credit-စောနွဲ့နေဆိုင် – ပူတာအို


Leave a Reply