သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို တရားမဝင်ကြောင်း ကြေငြာလိုက်တဲ့ Warner Bros

ကမ္ဘာကျော်ရုပ်ရှင်နဲ့ Animation စတီရီယိုကြီး Warner Brothers ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်အတွက် မူပိုင်ခွင့်စာချုပ်ချိုးဖောက်မှုအတွက် ရှာဖွေတဲ့ ရလဒ်တွေ ကို ဖယ်ရှားပေးဖို့ Google ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်။

wb


ဒီအပြင် သူတို့ဝက်ဘ်ဆိုက်ရဲ့ ရုပ်ရှင်တွေကို ထုတ်လွှင့်တဲ့ Amazon နဲ့ Sky တို့က လင့်တွေကိုလည်း ဖယ်ရှား ပေးဖို့အတွက် ရှာဖွေရေးအင်ဂျင်ကြီးကို တောင်းဆိုခဲ့တာပါ။ အဲ့ဒီအပြင် ရုပ်ရှင်အချက်အလက်ဆိုင်ရာ ဝက်ဘ်ဆိုက် ဖြစ်တဲ့ IMDb ကလင့်တွေကိုပါ ဖယ်ရှားနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်အထိတော့ Warner Bros ဘက်က တစ်စုံတစ်ရာ ပြောကြားသေးခြင်းမရှိပါဘူး။ တောင်းဆိုချက် တစ်ရပ်မှာ Google က Batman: The Dark Knight နဲ့ The Matrix တို့လို ကမ္ဘာကျော်ဇာတ်ကားတွေအတွက် လင့်တွေကို ဖယ်ရှားရ၊ မဖယ်ရှားရ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ဒီလိုပါတ်သက်တဲ့ လင့်တွေကို ဖယ်ရှားမယ်ဆိုရင် လင့်ပေါင်း ၁၃သန်းကျော်လောက်ကို ဖယ်ရှား ရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ပွားရတာဟာ ရုပ်ရှင်စတီရီယိုကြီးအနေနဲ့ တရားမဝင် ရုပ်ရှင်နဲ့ TV Programmes ကော်ပီတွေကို တင်ခဲ့မိတာကြောင့်လို့ BBC ကဆိုပါတယ်။

ဒါပေမယ့် Warner Brothers ရဲ့ အစီရင်ခံစာကို ကြားနာပြီးနောက်မှာ Google ဟာ Amazon, IMDb နဲ့ Sky Cinema တွေက ရှာဖွေတဲ့ရလဒ်တွေကို မဖယ်ရှားဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

#technology.thithtoolwin.com


Leave a Reply