ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဌာနချုပ် စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဖေဖော်ဝါရီ (၇) ရက် နံနက် ၇ နာရီက နေပြည်တော်ရှိ ပါတီဌာနချုပ် တွင်ကျင်းပခဲ့သည့် ဌာနချုပ်စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ယင်းထမနဲထိုးပွဲကို ပါတီဌာနချုပ် အတွင်းမှ ရုံးတွင်းဌာနများအလိုက်ဝန်ထမ်း များစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အတွင်းမှ ဝန်ထမ်းမိသားစုဝင်များ စုံညီစွာ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

(more…)


“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံအမတ်ကြီးလာရောက်တွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး H.E Ms. Tone Tinnesခေါင်းဆောင်သောအဖွဲ့ ယနေ့ နံနက် ၁၀ နာရီအချိန်က နေပြည်တော် ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေအနေများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် တို့တွင်လည်း နော်ဝေအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုဆွေးနွေး ခဲ့ကြသည်။

ပါတီဌာနချုပ်မှ အဟာရဒါန သွားရောက်လှူဒါန်းမှုပြု

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် မိသားစုများ မှ မြန်မာ့ဓလေ့ရိုးရာ တပို့တွဲလရာသီ ထမနဲထိုးပွဲကို ယနေ့ ( ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းတွင် ပါတီဌာနချုပ်တွင် ပြုလုပ်ကြပြီး အဟာရဒါအနဖြစ် နေပြည်တော် ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ လည်းကောင်း၊ ဇေယျာသီရိ မြို့နယ် ခေတ်အေးကျေးရွာရှိ သုဇနကာရီ ပရဟိတသာသနာပြုကျောင်းသို့ လည်းကောင်း သွားရောက်လှူဒါန်းခဲ့ ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၈ နာရီတွင် ပါတီဌာနချုပ်သင်တန်းကျောင်း၌ ရက်သတ္တ လေးပတ်ကြာပြုလုပ်ခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ် စဉ်(၁)၏ သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သင် တန်းဆင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သင်တန်းဆင်းအမှာစကားပြော ကြားရာတွင် သင်တန်းမှ ပို့ချသင် ကြားပေးလိုက်သော သင်ခန်းစာ များကို လက်တွေ့ဆန်စွာ ပြန်လည် အသုံးချကြရန်လိုပြီး သင်တန်း သားများ တက်ရောက်ခဲ့ကြသည့် ယနေ့ သင်တန်းအမှတ်စဉ်(၁) သည်စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊
နောက်နောင် ဆက်လက်ဖွင့်လှစ် မည့် သင်တန်းသားများက ယခု
အမှတ် (၁)သင်တန်းသားများအား စံနမူနာယူ၍ စွမ်းရည်ပြည့်ဝသောသင်တန်းသားများပေါ်ထွက် လာကြရမည်ဖြစ်ကြောင်း၊ တစ်လတာအတွင်း ဆွေးနွေးသင်ကြားပေးလိုက်သည့်သင်ခန်းစာများကိုပြန်ပြီး ပွားများအောင်လုပ်ဆောင်ကြရာမှ လက်တွေ့နယ်ပယ်တွင် စည်းရုံးမှုအားကောင်းပြီး ခေါင်းဆောင်မှု အားကောင်းသည့်ပြည်သူလူထုမှ အားကိုးလာမည့် အဖွဲ့အစည်းဖြစ်အောင်ဆောင်ရွက်ကြပါရန် ပြော ကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားအမှတ်(၁)မှသင်တန်းသားသင်တန်းသူအားလုံးကိုယ်စား လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီအထွေထွေ အတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ကို ဂုဏ်ပြုပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ဂုဏ်ပြုပွဲကို ယနေ့ည ၇ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးခန်းမကြီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဗဟိုဦးဆောင်ကော်မတီနာယကကြီး ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ ပါတီဗဟိုအတိုင်ပင်ခံ အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုလုပ်ငန်းကော်မတီဝင်များ၊ဒုတိယသမ္မတ(ငြိမ်း)၊ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့်ဒုတိယဝန်ကြီး(ငြိမ်း) များ၊ ဖိတ်ကြားထားသော မိတ်ဖက်ပါတီများမှတာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် ပါတီဦးဆောင်ဗဟိုကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် စွမ်းဆောင်ခဲ့မှုများအတွက်ရရှိခဲ့သည့်နိုင်ငံတကာမှချီးမြှင့်သည့်ဆုတံဆိပ်များနှင့်ပတ်သက်၍ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

သမ္မတ​ဟောင်း ဦးသိန်းစိန်​အား ဂုဏ်​ပြုပွဲ (ဖျော်ဖြေပွဲ အစီအစဉ်)

 

အခမ်းအနား အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှာ ယခင် အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီနာယက နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ အစိုးရ သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ရရှိခဲ့သည့် ဆုတံဆိပ်များနှင့် စပ်လျင်း၍ ရှင်းလင်းတင်ပြခြင်း။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်နှင့်အဖွဲ့အားတွေ့ဆုံ

 

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် နေပြည်တော်အခြေစိုက် ပြည်တွင်းပြည်ပ သတင်းမီဒီ ယာ များတွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် နေပြည်တော် အခြေစိုက်
ပြည် တွင်းပြည်ပသတင်းမီဒီအသီးသီးမှ သတင်းထောက်များနှင့်တွေ့ဆုံသည့်အခန်းအနားတစ်ရပ် ကို နေပြည် တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ် ၏အစည်းအဝေးခန်းမ (၂)တွင် ယနေ့ နေ့လည် ၁ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ပါတီသတင်းထုတ်ပြန် ရေး အဖွဲ့ခေါင်းဆောင်ဦးပိုက်ထွေး၊ဗဟို အလုပ်မှုဆောင်ကော်မတီ ၀င် ဦးလှသိန်း၊ နှင့် ဗဟိုကော်မတီဝင်၊သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဒေါက်တာ ၀င်းအောင်ကျော် တို့ က သတင်း ထောက် များ၏ မေးမြန်းချက်များအပေါ် ဖြေကြားမှု အကျဉ်းချုပ် မှာ အောက်ပါ သအတိုင်းဖြစ်ပါသည်။