“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံအမတ်ကြီးလာရောက်တွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး H.E Ms. Tone Tinnesခေါင်းဆောင်သောအဖွဲ့ ယနေ့ နံနက် ၁၀ နာရီအချိန်က နေပြည်တော် ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေအနေများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် တို့တွင်လည်း နော်ဝေအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး H.E Ms. Tone Tinnes နှင့် အတူ နိုင်ငံရေးရာ အကြံပေးပုဂ္ဂိုလ် Ko Omer Dawoodjee တို့ တက်ရောက်ခဲ့ကြသည်။
(Zawgyi)