ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦသန်းဌေး အား မြန်မာနိုင်ငံရေးသင်တန်း ကျောင်း (Myanmar School of Politics, MySoP)၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ်Bram Steenhuisen (ကိုကောင်းဇံ)သည် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်ဧည့်ခန်းမ(၁)တွင် ယနေ့နံနက် ၉ နာရီ မိနစ် ၄ဝ က လာရောက် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများမှ ပါတီဝင်များပါဝင်သည့် ပါတီစုံဒီမိုကရေစီစနစ်အတွင်း ပါတီအချင်းချင်း သဟဇာတရှိစွာ နားလည်မှုတည်ဆောက်ရေးသင်တန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ နိုင်ငံ တကာရေးရာကော်မတီ(တာဝန်ခံ)ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်ကျော် တို့တက်ရောက်ကြပြီး မြန်မာနိုင်ငံရေးသင်တန်းကျောင်း(Myanmar School of Politics, MySoP)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Bram Steenhuisen (ကိုကောင်းဇံ)နှင့်ကိုနေမျိုးအောင်တို့ တက်ရောက် ကြကြောင်း သိရသည်။