ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၈ နာရီတွင် ပါတီဌာနချုပ်သင်တန်းကျောင်း၌ ရက်သတ္တ လေးပတ်ကြာပြုလုပ်ခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ် စဉ်(၁)၏ သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သင် တန်းဆင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သင်တန်းဆင်းအမှာစကားပြော ကြားရာတွင် သင်တန်းမှ ပို့ချသင် ကြားပေးလိုက်သော သင်ခန်းစာ များကို လက်တွေ့ဆန်စွာ ပြန်လည် အသုံးချကြရန်လိုပြီး သင်တန်း သားများ တက်ရောက်ခဲ့ကြသည့် ယနေ့ သင်တန်းအမှတ်စဉ်(၁) သည်စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊
နောက်နောင် ဆက်လက်ဖွင့်လှစ် မည့် သင်တန်းသားများက ယခု
အမှတ် (၁)သင်တန်းသားများအား စံနမူနာယူ၍ စွမ်းရည်ပြည့်ဝသောသင်တန်းသားများပေါ်ထွက် လာကြရမည်ဖြစ်ကြောင်း၊ တစ်လတာအတွင်း ဆွေးနွေးသင်ကြားပေးလိုက်သည့်သင်ခန်းစာများကိုပြန်ပြီး ပွားများအောင်လုပ်ဆောင်ကြရာမှ လက်တွေ့နယ်ပယ်တွင် စည်းရုံးမှုအားကောင်းပြီး ခေါင်းဆောင်မှု အားကောင်းသည့်ပြည်သူလူထုမှ အားကိုးလာမည့် အဖွဲ့အစည်းဖြစ်အောင်ဆောင်ရွက်ကြပါရန် ပြော ကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားအမှတ်(၁)မှသင်တန်းသားသင်တန်းသူအားလုံးကိုယ်စား လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီအထွေထွေ အတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။