ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇူလိုင် ၁ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှကြီးမှူးကျင်းပသည့် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ ထိ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးအစည်အဝေးခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဖေဦးက လမ်းညွှန်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ပန်းတနော်မြို့ နယ်တာဝန်ခံ ဦးမင်းအောင်က ပါတီ၏ဆောင်ရွက်ရမည့် လုပ်ငန်း များအား ရှင်းလင်းပြောကြားခြင်း၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းက တိုင်းပါတီလမ်းညွှန်ချက်များရှင်း လင်းခြင်း၊ မြို့နယ်ပါတီကော်မတီ ဝင်များနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌ များက သိရှိလိုသည့်အချက်များ အား မေးမြန်းဆွေးနွေးခြင်း၊ ခရိုင် ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင် များ၊ ပန်းတနော်မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးကျော်မင်းသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့်ရပ်ကျေးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)