ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးနေလင်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ဦးနေလင်း၏ ကိုယ်ရေးအကျဉ်း
*****************************
၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ကျွန်းကလေးရွာ၌ အဖ-ဦးသိန်းနှင့် အမိ-ဒေါ်ခင်သိန်းတို့မှ မွေးဖွားခဲ့သည်။
၁၉၉၄ခုနှစ်တွင် အခြေခံပညာအထက် တန်းအောင်မြင်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဒဂုံ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(သမိုင်း)ကို ရရှိခဲ့ပါ သည်။ ဇနီးမှာ ဒေါက်တာဒေါ်မြင့်မြင့်ခိုင်(ခ) ဒေါ်မြင့်သူဇာခိုင် ကထိက(သမိုင်း)၊ ဒဂုံ တက္ကသိုလ်ဖြစ်သည်။

ပြည်သူ့အတွက်ဆောင်ရွက်ချက်
*******************************
၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)ရပ်ကွက် ရပ်ကွက်အမှုဆောင်အဖြစ် စတင်ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောင်းလဲဖွဲ့စည်းသည့်အခါတွင်လည်း ရပ်ကွက်ပါတီ ကော်မတီ အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုကူညီ စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဖွင့်လှစ်ထားသည့် ဖြိုးစေတနာအခမဲ့ဆေးခန်းအဖွဲ့ဝင်အနေဖြင့်လည်း မြို့နယ်အတွင်းရှိ ပြည်သူများ အား အပတ်စဉ် သောကြာနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ကူညီပေးလျက်ရှိပါသည်။
ထို့အပြင် ရန်ကုန်တိုင်းပါတီကော်မတီမှစီစဉ်ပြုလုပ်သည့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်သည့် ဖြိုးစေတနာနယ်လှည့်ဆေးကုသရေးအဖွဲ့၊ ကိုရီးယားနိုင်ငံမှ ဆရာဝန်ကြီး များအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိမိဒေသအကျိုး၊ ဒေသခံမိဘပြည်သူများ၏အကျိုးအတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဆောင်ရွက်ပေးခဲ့ ပါသည်။
၂ဝ၁၄ ခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်လောင်း ဝင်ရောက်အရွေးချယ်ခံခဲ့ပြီး ပြည်သူလူထုမှ ရွေးချယ်တာဝန်ပေးအပ်ခဲ့သဖြင့် ၂ဝ၁၆ ခုနှစ်အထိ မြို့နယ်/ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂ဝ၁၆ခုနှစ်တွင် မြို့နယ်ပါတီကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ယနေ့အထိ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများအထိသွားရောက်ကာ ဒေသခံမိဘပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်။

ကျွန်တော့်ကို တာဝန်ပေးပါ
**************************
မှောင်မိုက်တဲ့ည ကြမ်းတမ်းတဲ့လမ်း အတူတူဖြတ်သန်းခဲ့၊
မြို့သစ်ရဲ့သရုပ် ရေမြုပ်ရေလျှံနဲ့ ခါးသီးတဲ့ဒုက္ခတွေ လွတ်မြောက်စေ အတွေးနဲ့ ဝင်ရွေးတဲ့ ကိုယ်စားလှယ်ပါ၊
မြို့သစ်နေပြည်သူတွေ ဘဝအခြေတင့်စေဖို့ ပညာရေးလည်းမြင့်စေ သွားလာရေးအဆင်ပြေရေး အရေးဆိုကာ လွှတ်တော်တင်ချင်ရဲ့ ပခုံးထမ်းကာ ကြိုးပမ်းချင်လှသည်မို့ သည်တာဝန် ပြည်သူက ပေးပါလို့ တောင်းဆိုချင်ရဲ့။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။