ပန်းတနော်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်း

အောက်တိုဘာ – ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာ – ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီ ညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်(မြန်အောင်ခရိုင် နယ်မြေတာဝန်ခံ) ဦးကျော်ဝင်းနိုင်၊ မြန်အောင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီ တတိယအကြိမ်ဗဟိုပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံ ရှင်းလင်းပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင်၊ မြန်အောင်ခရိုင်တာဝန်ခံ ဦးကျော်ဝင်နိုင်၊ မြန်အောင်ခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူးများ၊ မြို့နယ်/အရန်    ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ပါသည်။


ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အဟောင်းများ၊ ပြည်ခိုင်ဖြိုးအသင်းတွင် ဆောင်ရွက်ခဲ့သော အသင်းဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

သြဂုတ် ၇၊ ပုသိမ်

ဧရာတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး၌ ပါတီဝင်အသစ် အဟောင်းများ၊ အသင်းတွင်ဆောင်ရွက်ခဲ့သော အသင်းဝင်များ တက်ရောက်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲပြုလုပ်

နေပြည်တော် ဇူလိုင် – ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်  ပြည်ခိုင်ဖြိုးပါတီက တိုင်ဒေသကြီးပြည်ခိုင်ဖြိုးပါတီရဲ့လမ်းညွှန်မှုအရ ရှေ့လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန်ညှိ့နှိုင်းဆောင်ရွက်မှုများပြုလုပ်၍ အစည်းအဝေးကို နေ့လည်(၁)နာရီတွင် ပြီးစီးခဲ့ပါသည်။

အဆိုပါအစည်ဝေးပွဲသို့ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဝင်းကျော်ကျော်နှင့် ကော်မတီဝင်များ၊  မအူပက်ခရိုင် လေးမြို့နယ်ပါတီဥက္ကဌနှင့်အတွင်းရေးမှုး တတ်ရောက်ခဲ့ကြောင်းသတိရရှိပါသည်။


တောင်သူလယ်သမားစိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ ဇူလိုင်၊၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး တောင်သူလယ်သမား စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲအား ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင်  လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လေးမျက်နှာမြို့နယ် ပါတီဥက္ကဌဒေါ်စန်းစန်းချိုက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းမှ ဆွေးနွေးမှာကြားခြင်း တိုင်းဒေသကြီးပါတီကော်မတီဝင် လယ်သမားရေးရာတာဝန်ခံတို့က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ နှင့် ရပ်/ကျေး ပါတီဥက္ကဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ပါတီရုံးခန်းမ၌ ၁၁ .၇.၂၀၂၂ ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင်ကျင်းပပြုလုပ်ပါသည်။

အဆိုပါအခမ်းအနားအား တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဒေါ်ခင်စောမူ က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်းက လူငယ်ရေးရာ နဲ့ခေါတ်ပညာတတ်လူငယ်များ ပိုမိုစိတ်ပါဝင်စားပါဝင်စေရန် ပါတီတွင်းစည်းလုံးညီညွှတ်ကြစေရန် တိုက်တွန်းပြောခြင်းနှင့် တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်းက ပါတီစည်းရုံးရေးဆိုင်ရာများပြောကြားပြီး ပုသိမ်ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းက အမှာစကား ပြောကြားပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြို့ပါတီရုံးခန်းမ၌  ၁၂.၆.၂၀၂၂ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။

‌အဆိုပါအခမ်းအနားတွင်အကြမ်းဖက်သမားများကြောင့် သေဆုံးရသော ပြည်ခိုင်ဖြိုး ပါတီဝင် (၁၆၀၀)ကျော်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ သဘာပတိ တိုင်းပါတီအတွင်းရေးမှူး ဒေါ်ခင်စောမူက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်ခရိုင်ဥက္ကဌ ဦးစိုးဝင်းက အမှာစကားပြောကြားပါသည်။ တစ်ဆက်တည်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသက်နိုင်ဦးက အခမ်းအနားကျင်းပရခြင်းအကြောင်းကိုရှင်းလင်းကာ ပါတီဝင်ခွင့်လျှောက်လွှာပေးအပ်ခြင်း၊ ပါတီဝင်ကြေး ပါတီနှစ်စဉ်ကြေး ပေးအပ်ပါသည်။

မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ရပ်ကျေးပါတီဥက္ကဋ္ဌအား ကူညီထောက်ပံ့

၂၈.၆.၂၀၂၁ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးဟန်ချစ်သည် ဆေးရုံတွင် ဆေးကုသမှုတက်ရောက်ခံယူနေသာ ပြင်ရွာတိုက်နယ် ကျားကွင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်သိန်းထံသို့သွားရောက်ပြီး အားပေးစကားများပြောကြားကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ရပ်ကျေးပါတီဥက္ကဋ္ဌအား ကူညီထောက်ပံ့

၂၈.၆.၂၀၂၁ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှုခံယူမည့် ပါတီဝင် ဦးခင်မောင်ဦး ထံသို့သွားရောက်ပြီး အားပေးစကားများပြောကြားကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။