ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ နှင့် ရပ်/ကျေး ပါတီဥက္ကဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ပါတီရုံးခန်းမ၌ ၁၁ .၇.၂၀၂၂ ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင်ကျင်းပပြုလုပ်ပါသည်။

အဆိုပါအခမ်းအနားအား တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဒေါ်ခင်စောမူ က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်းက လူငယ်ရေးရာ နဲ့ခေါတ်ပညာတတ်လူငယ်များ ပိုမိုစိတ်ပါဝင်စားပါဝင်စေရန် ပါတီတွင်းစည်းလုံးညီညွှတ်ကြစေရန် တိုက်တွန်းပြောခြင်းနှင့် တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်းက ပါတီစည်းရုံးရေးဆိုင်ရာများပြောကြားပြီး ပုသိမ်ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းက အမှာစကား ပြောကြားပါသည်။

၎င်းနောက် မြို့နယ်ပါတီဥက္ကဌက မြို့နယ်ပါတီကော်မတီဝင်များနှင့်ရပ်/ကျေးပါတီဥက္ကဌ များအား မိတ်ဆက်ခြင်း၊ ရပ်/ကျေးဥက္ကဌများ လုပ်ဆောင်ရမည့် တာဝန်များကိုရှင်းလင်းခြင်း နှင့် မြို့နယ်ပါတီလစည်းရုံးရေးတာဝန်ခံ၊ လူငယ်ရေးရာတာဝန်ခံနှင့် အမျိုးသမီးရေးရာတာဝန်ခံတို့က ရှေးလုပ်ငန်းစဉ်များအား ပြောကြားခြင်း၊ ရပ်/ကျေးပါတီ ဥက္ကဌများက သိလိုသည်များ မေးမြန်းခြင်းအား မြို့နယ်ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်းပြီး မြို့နယ်ပါတီဥက္ကဌ က ၂၀၂၀ရွေးကောက်ပွဲရလာဒ်များအား projector ဖြင့် သုံးသပ်ပြသခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းပါတီအတွင်းရေးမှူးဒေါ်ခင်စောမူ နှင့်တိုင်းပါတီကော်မတီဝင် (၃) ဦး၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းနှင့် အတွင်းရေးမှူး ဦးဝင်းမောင်၊ မြို့နယ်ပါတီကော်မတီဥက္ကဌ ဦးသက်နိုင်ဦးနှင့် ကော်မတီဝင် (၁၄)ဦး၊ အရန်ပါတီကော်မတီဝင် (၁၂)ဦးနှင့် ရပ်/ကျေးပါတီဥက္ကဌပါ (၄၄)ဦး စုစုပေါင်း အင်အား (၇၅) ဦး တက်ရောက် ကြပါသည်။