အေမရိကန္တြင္ ဗ်ဴဟာေျမာက္ အရန္ဆီသိုေလွာင္ထားမႈ ၁၇ ရက္စာသာက်န္ရွိ

ဧၿပီ ၄

အေမရိကန္ျပည္ေထာင္စု၏ မဟာဗ်ဴဟာေျမာက္ သိုေလွာင္ထားသည့္ Strategic Petroleum Reserve (SPR) အရန္ စက္သုံးဆီမ်ား ျပတ္လပ္လုနီးပါျဖစ္ေနေၾကာင္း အေမရိကန္မီဒီယာမ်ားမွ ေဖာ္ျပသည္။
အဆိုပါ မဟာဗ်ဴဟာေျမာက္ အေရးေပၚအသုံးျပဳရန္ သိုေလွာင္ထားသည့္ အရန္ စက္သုံးဆီသည္ သမၼတအဆက္ဆက္ သိုေလွာင္သိမ္းဆည္းခဲ့ေသာ္လည္း သမၼတဘိုင္ဒန္လက္ထက္တြင္း အသုံးျပဳမႈႏွင့္ ထုတ္ေရာင္းမႈမ်ားေၾကာင့္ ၄၃ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားခဲ့ေၾကာင္းသိရသည္။
သမၼတဘိုင္ဒန္အေနျဖင့္ Strategic Petroleum Reserve (SPR) ကို ျပန္လည္ ျဖည့္တင္းမည္ဟု ကတိျပဳထားေသာ္လည္း လက္တေလာ ျပန္လည္ မျဖည့္တင္းနိုင္ေၾကာင္ ဘိုင္ဒန္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္ အေမရိကန္ျပည္ေထာင္စုတြင္ စက္သုံးဆီေဈးႏႈန္းမ်ား ျမင့္တက္ေနျခင္းေၾကာင့္ အေရးေပၚစက္သုံးဆီမ်ား မျဖည့္တင္းနိုင္ေသးေၾကာင္းသိရသည္။
ဂ်ိဳးဘိုင္ဒန္ဟာ နိုင္ငံေရးအေၾကာင္းျပခ်က္နဲ႔ SPR ကို ျဖဳန္းတီးပစ္ခဲ့ေၾကာင္း ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕တစ္ခုျဖစ္သည့္ Power Of the Future ကို တည္ေထာင္သူ ဒန္နီရယ္တာနာက ဆိုသည္။
ေဝဖန္သူမ်ားသည္ လူမႈကြန္ယက္ X တြင္ သမၼတ ဘိုင္ဒန္သည္ အေမရိကန္ကို အခြံသာခ်န္ခဲ့ၿပီး ထားရစ္ခဲ့မည္ဟု ေရးသားေနၾကသည္။

========

အမေရိကန်တွင် ဗျူဟာမြောက် အရန်ဆီသိုလှောင်ထားမှု ၁၇ ရက်စာသာကျန်ရှိ

ဧပြီ ၄

အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် သိုလှောင်ထားသည့် Strategic Petroleum Reserve (SPR) အရန် စက်သုံးဆီများ ပြတ်လပ်လုနီးပါဖြစ်နေကြောင်း အမေရိကန်မီဒီယာများမှ ဖော်ပြသည်။
အဆိုပါ မဟာဗျူဟာမြောက် အရေးပေါ်အသုံးပြုရန် သိုလှောင်ထားသည့် အရန် စက်သုံးဆီသည် သမ္မတအဆက်ဆက် သိုလှောင်သိမ်းဆည်းခဲ့သော်လည်း သမ္မတဘိုင်ဒန်လက်ထက်တွင်း အသုံးပြုမှုနှင့် ထုတ်ရောင်းမှုများကြောင့် ၄၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်းသိရသည်။
သမ္မတဘိုင်ဒန်အနေဖြင့် Strategic Petroleum Reserve (SPR) ကို ပြန်လည် ဖြည့်တင်းမည်ဟု ကတိပြုထားသော်လည်း လက်တလော ပြန်လည် မဖြည့်တင်းနိုင်ကြောင် ဘိုင်ဒန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိအချိန် အမေရိကန်ပြည်ထောင်စုတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အရေးပေါ်စက်သုံးဆီများ မဖြည့်တင်းနိုင်သေးကြောင်းသိရသည်။
ဂျိုးဘိုင်ဒန်ဟာ နိုင်ငံရေးအကြောင်းပြချက်နဲ့ SPR ကို ဖြုန်းတီးပစ်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Power Of the Future ကို တည်ထောင်သူ ဒန်နီရယ်တာနာက ဆိုသည်။
ဝေဖန်သူများသည် လူမှုကွန်ယက် X တွင် သမ္မတ ဘိုင်ဒန်သည် အမေရိကန်ကို အခွံသာချန်ခဲ့ပြီး ထားရစ်ခဲ့မည်ဟု ရေးသားနေကြသည်။