ေတာင္ကိုရီးယားသို ဘလင္ကန္ လာေရာက္လည္ပတ္စဥ္ ေျမာက္ကိုရီးယားက တာတိုပစ္ဒုံးက်ည္မ်ားအား စမ္းသပ္ ပစ္ခတ္

မတ္ ၂၀

ေတာင္ကိုရီးယားနိုင္ငံသို အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီယို ဘလင္ကန္ လာေရာက္လည္ပတ္စဥ္ အတြင္း ေျမာက္ကိုရီးယားနိုင္ငံက မတ္လ ၁၈ ရက္တြင္ ၎တို၏ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ားကို စမ္းသပ္ ပစ္ခတ္ခဲ့ ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္အရာရွိမ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ယြန္ဟပ္သတင္းေအဂ်င္စီက ထုတ္ျပန္ သည္။

ေျမာက္ကိုရီးယား၏ ယခုလုပ္ေဆာင္သည့္ဒုံးက်ည္စမ္းသပ္ပစ္ခတ္မႈသည္ ႏွစ္လအတြင္း ပထမဆုံးအႀကိမ္ လုပ္ေဆာင္သည့္ စမ္းသပ္ပစ္ခတ္မႈျဖစ္ၿပီး ပဲ့ထိန္းဒုံးက်ည္မ်ားကို ေဒသစံေတာ္ခ်ိန္ နံနက္ ၇ နာရီ ၄၄ မိနစ္ႏွင့္ ၈ နာရီ ၂၂ မိနစ္ၾကားတြင္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ပစ္ခတ္လိုက္သည့္ ပဲ့ထိန္းဒုံးက်ည္မ်ားသည္ အကြာအေဝး ၃၀၀ ကီလိုမီတာခန႔္ ပ်ံသန္းသြားၿပီး ဂ်ပန္ ပင္လယ္ အတြင္းသို က်ေရာက္သြားေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္က ထုတ္ျပန္သည္။

ေျမာက္ကိုရီးယားနိုင္ငံသည္ KN-24 အမ်ိဳးအစားဒုံးက်ည္ႏွင့္ ဆင္တူသည့္ ဒုံးက်ည္အနည္းဆုံးသုံးစင္းကို စမ္းသပ္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ယင္းသို လုပ္ေဆာင္ ျခင္းသည္ ကိုရီးယားကၽြန္းဆြယ္ေပၚ တည္ၿငိမ္ေအးခ်မ္းမႈအေပၚ ၿခိမ္းေျခာက္သည့္ရန္စမႈျဖစ္ေၾကာင္း ေတာင္ကိုရီးယား စစ္ဘက္က ဆက္လက္ထုတ္ျပန္သည္။

ဘလင္ကန္သည္ ေတာင္ကိုရီးယားနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ ဒီမိုကေရစီ ထိပ္သီးေဆြးေႏြးပြဲသို တက္ေရာက္ရန္အတြက္ ယင္းနိုင္ငံသို မတ္လ ၁၇ ရက္တြင္ ေရာက္ရွိလာျခင္း ျဖစ္သည္။

ေတာင္ကိုရီးယားအစိုးရသည္ ဒီမိုကေရစီ ထိပ္သီးေဆြးေႏြးပြဲအား မတ္လ ၁၈ ရက္မွ ၂၀ ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း ST သတင္းဌာနတြင္ ေဖာ္ၿပ ထားသည္။

=====

တောင်ကိုရီးယားသို ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များအား စမ်းသပ် ပစ်ခတ်

မတ် ၂၀

တောင်ကိုရီးယားနိုင်ငံသို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန် လာရောက်လည်ပတ်စဉ် အတွင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၈ ရက်တွင် ၎င်းတို၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ် ပစ်ခတ်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန် သည်။

မြောက်ကိုရီးယား၏ ယခုလုပ်ဆောင်သည့်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် နှစ်လအတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်သည့် စမ်းသပ်ပစ်ခတ်မှုဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်များကို ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်နှင့် ၈ နာရီ ၂၂ မိနစ်ကြားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး ၃၀၀ ကီလိုမီတာခန့် ပျံသန်းသွားပြီး ဂျပန် ပင်လယ် အတွင်းသို ကျရောက်သွားကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံသည် KN-24 အမျိုးအစားဒုံးကျည်နှင့် ဆင်တူသည့် ဒုံးကျည်အနည်းဆုံးသုံးစင်းကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို လုပ်ဆောင် ခြင်းသည် ကိုရီးယားကျွန်းဆွယ်ပေါ် တည်ငြိမ်အေးချမ်းမှုအပေါ် ခြိမ်းခြောက်သည့်ရန်စမှုဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ဆက်လက်ထုတ်ပြန်သည်။

ဘလင်ကန်သည် တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲသို တက်ရောက်ရန်အတွက် ယင်းနိုင်ငံသို မတ်လ ၁၇ ရက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲအား မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ST သတင်းဌာနတွင် ဖော်ပြ ထားသည်။