ကမၻာ့ဖလား ေျခစစ္ပြဲ (အာရွဇုန္) ဒုတိယအဆင့္ပြဲစဥ္တြင္ ျမန္မာအသင္းႏွင့္ဆီးရီးယားအသင္းတို႔ သေရရလဒ္ထြက္ေပၚ

မတ္ ၂၂

ကမၻာ့ဖလား ေျခစစ္ပြဲ (အာရွဇုန္) ဒုတိယအဆင့္ပြဲစဥ္အျဖစ္ ျမန္မာလက္ေရြးစင္အသင္းႏွင့္ ဆီးရီးယားအသင္းတို႔ မတ္လ ၂၁ ရက္ညေနပိုင္းက ရန္ကုန္ၿမိဳ႕၌ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ျမန္မာအသင္းအတြက္ ဦးေဆာင္ဂိုးကို ပြဲခ်ိန္ ၃၅ မိနစ္တြင္ သြင္းယူေပးခဲ့ေသာ္လည္း ဒုတိယပိုင္းတြင္ ဆီးရီးယားအသင္း၏ ေခ်ပဂိုးကို ပြဲခ်ိန္၇၁မိနစ္မွာ ျပန္လည္ခြင့္ျပဳခဲ့ရပါတယ္။

ယင္းပြဲစဥ္တြင္ အေကာင္းဆုံးကစားသမားဆုကို ျမန္မာအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့သည့္ ျမန္မာအသင္းေနာက္ခံကစားသမား စိုးမိုးေက်ာ္က ရရွိခဲ့ေၾကာင္း သိရပါတယ္။

ဒုတိယအေက်ာ့ကို ဆီးရီးယားလက္ေရြးစင္အသင္း၏ အိမ္ကြင္းပြဲအျဖစ္ မတ္ ၂၇ ရက္တြင္ ၾကားကြင္းျဖစ္ေသာ ေဆာ္ဒီအာေရဗ်နိုင္ငံတြင္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ေၾကာင္း သိရပါတယ္။

======

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့်ဆီးရီးယားအသင်းတို့ သရေရလဒ်ထွက်ပေါ်

မတ် ၂၂

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အသင်းနှင့် ဆီးရီးယားအသင်းတို့ မတ်လ ၂၁ ရက်ညနေပိုင်းက ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် သွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းတွင် ဆီးရီးယားအသင်း၏ ချေပဂိုးကို ပွဲချိန်၇၁မိနစ်မှာ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။

ယင်းပွဲစဉ်တွင် အကောင်းဆုံးကစားသမားဆုကို မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည့် မြန်မာအသင်းနောက်ခံကစားသမား စိုးမိုးကျော်က ရရှိခဲ့ကြောင်း သိရပါတယ်။

ဒုတိယအကျော့ကို ဆီးရီးယားလက်ရွေးစင်အသင်း၏ အိမ်ကွင်းပွဲအဖြစ် မတ် ၂၇ ရက်တွင် ကြားကွင်းဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။