ေႏြရာသီစာ မန္က်ည္းရြက္ရဲ့ က်န္းမာေရးအာနိသင္

မန္က်ည္းရြက္မွာ ဗီတာမင္ A၊ ဗီတာမင္ C၊ ကယ္လ္ဆီယမ္၊ သံဓာတ္၊ အမၽွင္ဓာတ္နဲ႔ ပိုတက္ဆီယမ္တို႔ ပါဝင္ေနပါတယ္။
မန္က်ည္းရြက္က ဆီးခ်ိဳသက္သာေစနိုင္တာ၊ နာက်င္ေရာင္ရမ္းမႈကို သက္သာေစနိုင္တာ၊ ငွက္ဖ်ားသက္သာေစနိုင္တာ၊ ခံတြင္းအနာကို သက္သာေစနိုင္တာ၊ ရာသီလာစဥ္ နာက်င္ကိုက္ခဲတာကို သက္သာေစနိုင္တာ စတာေတြအတြက္ မန္က်ည္းရြက္ကို အသုံးျပဳေပးလို႔ရပါတယ္။
ေသြးတိုး သက္သာေစနိုင္ဖို႔အတြက္လည္း မန္က်ည္းရြက္ကို စားသုံးေပးလို႔ရပါတယ္။ ေသြးတိုးက်ေအာင္ လုပ္ေဆာင္နိုင္မႈက ေလျဖတ္နိုင္ေျခ၊ ႏွလုံးေသြးေၾကာေရာဂါနဲ႔ အျခားေသာ ေရာဂါအမ်ိဳးမ်ိဳးကို ကာကြယ္ရာေရာက္မွာ ျဖစ္ပါတယ္။
မန္က်ည္းရြက္က ေဆးဖက္ဝင္သလို လူေတာ္ေတာ္မ်ားမ်ားနဲ႔ တည့္တယ္ဆိုေပမဲ့ အလြန္အကၽြံမစားမိဖို႔ လိုသလို ေရာဂါအခံ ရွိတဲ့သူေတြ အေနနဲ႔ ဆရာဝန္နဲ႔ အရင္တိုင္ပင္ၿပီးမွ စားသုံးသင့္ပါတယ္။

==========

နွေရာသီစာ မန်ကျည်းရွက်ရဲ့ ကျန်းမာရေးအာနိသင်

မန်ကျည်းရွက်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
မန်ကျည်းရွက်က ဆီးချိုသက်သာစေနိုင်တာ၊ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာ၊ ငှက်ဖျားသက်သာစေနိုင်တာ၊ ခံတွင်းအနာကို သက်သာစေနိုင်တာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တာ စတာတွေအတွက် မန်ကျည်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။
သွေးတိုး သက်သာစေနိုင်ဖို့အတွက်လည်း မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသော ရောဂါအမျိုးမျိုးကို ကာကွယ်ရာရောက်မှာ ဖြစ်ပါတယ်။
မန်ကျည်းရွက်က ဆေးဖက်ဝင်သလို လူတော်တော်များများနဲ့ တည့်တယ်ဆိုပေမဲ့ အလွန်အကျွံမစားမိဖို့ လိုသလို ရောဂါအခံ ရှိတဲ့သူတွေ အနေနဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။