
မတ် ၁၂





==========

ဘရာဇီးလ်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျော့ရှုဝါဗန်

မတ် ၁၂

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်က ဘရာဇီးလ်ဖိုက်တာ လူးကပ်စ်ရိုချာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို ၄င်း၏ ဖေ့စ်ဘုတ်စာမျက်တွင် ရေးသားဖော်ပြထားကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့် ဧပြီလ ၆ ရက်နေ့မှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဘရာဇီးလ်ဖိုက်တာ လူးကပ်စ်ရိုချာအတွက် ဂျော့ရှုဝါဗန်နဲ့ယှဉ်ပြိုင်မယ့် ဒီပွဲစဉ်ဟာ သူ့ရဲ့ UFCပွဲဦးထွက်ဖြစ်ပါတယ်။

ဂျော့ရှုဝါဗန်ကတော့ UFC မှာ သုံးပွဲဆက် အနိုင်ယူပြထားပါတယ်။