ဟဲဗီးဝိတ္ခ်န္ပီယံေဟာင္း မိုက္ခ္တိုင္ဆန္ လက္ေဝွ႕ႀကိဳးဝိုင္းကို တေက်ာ့ျပန္လာမည္

မတ္ ၁၂

ကမၻာ့ဟဲဗီးဝိတ္ လက္ေဝွ႕ခ်န္ပီယံေဟာင္း မိုက္တိုင္ဆန္သည္ ၎ႏွင့္ အသက္(၃၀)ကြာသည့္ ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႕သမား ဂ်ိတ္ေပါလ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္ေၾကာင္း ပြဲစီစဥ္သည့္ Netflix က အသိေပးေၾကညာထားပါတယ္။

လက္ရွိတြင္ မိုက္တိုင္ဆန္အေနျဖင့္ အသက္ (၅၇)ႏွစ္အရြယ္ရွိေနၿပီျဖစ္ၿပီး ၎ႏွင့္ယွဥ္ၿပိဳင္ထိုးသတ္မည့္ ဂ်ိတ္ေပါလ္မွာ အသက္ (၂၇)ႏွစ္အရြယ္သာ ရွိေသးပါတယ္။

အဆိုပါ ပြဲအား ယခုႏွစ္ ဇူလိုင္ (၂၀)ရက္ စေနေန႔တြင္ AT&T Stadium ၌ က်င္းပမည္ျဖစ္ၿပီး Netflix မွ တိုက္ရိုက္ထုတ္လႊင့္သြားမည္ျဖစ္ပါတယ္။

ယခု ပြဲစဥ္အတြက္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးၿပီးၿပီျဖစ္ေၾကာင္း မတ္လ (၉)ရက္ေန႔တြင္ မိုက္တိုင္ဆန္က သူ ၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ တရားဝင္ အသိေပးထားပါတယ္။

မိုက္တိုင္ဆန္သည္ ၂၀၀၅ ခုႏွစ္မွစတင္၍ လက္ေဝွ႕ေလာကမွ အနားယူခဲ့ၿပီးေနာက္ (၁၅)ႏွစ္အၾကာ၂၀၂၀ ျပည့္ႏွစ္တြင္ လက္ေဝွ႕အေက်ာ္အေမာ္ ရြိဳင္ဂ်ဳံးစ္ဂ်ဴနီယာျဖင့္ ျပန္လည္ထိုးသတ္ခဲ့ပါတယ္။

ထို႔ေနာက္ (၄)ႏွစ္အၾကာ ၂၀၂၄ ခုႏွစ္တြင္ ဂ်ိတ္ေပါလ္ႏွင့္ ဒုတိယအႀကိမ္ ျပန္လည္ထိုးသတ္ျခင္းျဖစ္ၿပီး ယခုပြဲစဥ္သည္ မိုက္တိုင္ဆန္၏ လက္တဝွ႕ေလာက၏ ေနာက္ဆုံးပြဲစဥ္ျဖစ္ သည္ဟုလည္း ေျပာၾကားထားပါတယ္။

အသက္ကြာဟသည့္ ၎တို႔ ႏွစ္ဦးထိုးသတ္မည့္ပြဲစဥ္အား စိတ္ဝင္စားမႈျမင့္တက္ေနသကဲ့သို႔ ၂၀၂၀ ျပည့္ႏွစ္က ရြိဳင္ဂ်ဳံးစ္ဂ်ဴနီယာျဖင့္ ထိုးသတ္ခဲ့သည့္ သ႐ုပ္ျပပြဲသ႑ာန္သာ ျဖစ္နိုင္သည္ဟုလည္း အမ်ားက သုံးသပ္ထားသည္ကိုေတြ႕ရပါတယ္။

မိုက္တိုင္ဆန္ႏွင့္ ထိုးသတ္မည့္ ဂ်ိတ္ေပါလ္သည္ ပေရာ္ဖက္ ရွင္နယ္ လက္ေဝွ႕ပြဲေပါင္း (၁၀) ပြဲ ထိုးသတ္ထားကာ (၁)ပြဲသာ ရႈံးနိမ့္ထားသူ တစ္ဦးျဖစ္ပါတယ္။

=========

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန် လက်ဝှေ့ကြိုးဝိုင်းကို တကျော့ပြန်လာမည်

မတ် ၁၂

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သည် ၎င်းနှင့် အသက်(၃၀)ကွာသည့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂျိတ်ပေါလ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် Netflix က အသိပေးကြေညာထားပါတယ်။

လက်ရှိတွင် မိုက်တိုင်ဆန်အနေဖြင့် အသက် (၅၇)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၎င်းနှင့်ယှဉ်ပြိုင်ထိုးသတ်မည့် ဂျိတ်ပေါလ်မှာ အသက် (၂၇)နှစ်အရွယ်သာ ရှိသေးပါတယ်။

အဆိုပါ ပွဲအား ယခုနှစ် ဇူလိုင် (၂၀)ရက် စနေနေ့တွင် AT&T Stadium ၌ ကျင်းပမည်ဖြစ်ပြီး Netflix မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါတယ်။

ယခု ပွဲစဉ်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပြီဖြစ်ကြောင်း မတ်လ (၉)ရက်နေ့တွင် မိုက်တိုင်ဆန်က သူ ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တရားဝင် အသိပေးထားပါတယ်။

မိုက်တိုင်ဆန်သည် ၂၀၀၅ ခုနှစ်မှစတင်၍ လက်ဝှေ့လောကမှ အနားယူခဲ့ပြီးနောက် (၁၅)နှစ်အကြာ၂၀၂၀ ပြည့်နှစ်တွင် လက်ဝှေ့အကျော်အမော် ရွိုင်ဂျုံးစ်ဂျူနီယာဖြင့် ပြန်လည်ထိုးသတ်ခဲ့ပါတယ်။

ထို့နောက် (၄)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ဂျိတ်ပေါလ်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခြင်းဖြစ်ပြီး ယခုပွဲစဉ်သည် မိုက်တိုင်ဆန်၏ လက်တဝှ့လောက၏ နောက်ဆုံးပွဲစဉ်ဖြစ် သည်ဟုလည်း ပြောကြားထားပါတယ်။

အသက်ကွာဟသည့် ၎င်းတို့ နှစ်ဦးထိုးသတ်မည့်ပွဲစဉ်အား စိတ်ဝင်စားမှုမြင့်တက်နေသကဲ့သို့ ၂၀၂၀ ပြည့်နှစ်က ရွိုင်ဂျုံးစ်ဂျူနီယာဖြင့် ထိုးသတ်ခဲ့သည့် သရုပ်ပြပွဲသဏ္ဍာန်သာ ဖြစ်နိုင်သည်ဟုလည်း အများက သုံးသပ်ထားသည်ကိုတွေ့ရပါတယ်။

မိုက်တိုင်ဆန်နှင့် ထိုးသတ်မည့် ဂျိတ်ပေါလ်သည် ပရော်ဖက် ရှင်နယ် လက်ဝှေ့ပွဲပေါင်း (၁၀) ပွဲ ထိုးသတ်ထားကာ (၁)ပွဲသာ ရှုံးနိမ့်ထားသူ တစ်ဦးဖြစ်ပါတယ်။