အေမရိကန္မွာ ပစ္ခတ္မႈျဖစ္ၿပီး ဆယ္ေက်ာ္သက္ ေက်ာင္းသား ၈ ဦးေသဆုံး

အေမရိကန္နိုင္ငံ၊ ဖီလာဒဲလ္ဖီးယားအေရွ႕ေျမာက္ပိုင္းတြင္ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး အသက္ ၁၅ ႏွစ္မွ ၁၇ ႏွစ္ၾကား ေက်ာင္းသား ၈ ဦးေနရာတြင္ေသဆုံးခဲ့ေၾကာင္းသိရသည္။

ယမန္ေန႔ ဗုဒၶဟူးေန႔က Cottman Avenue ႏွင့္ Rising Sun ရိပ္သာလမ္းဆုံရွိ ဘတ္စ္ကားမွတ္တိုင္တစ္ခု ေစာင့္ဆိုင္းေနခ်ိန္တြင္ အသင့္ေစာင့္ဆိုင္းေနသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအတြင္းမွ လူသုံးဦးထြက္လာကာ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

တိုက္ခိုက္ခံရသူ ေက်ာင္းသား ေက်ာင္းသူမ်ားတြင္ ေသနတ္ဒဏ္ရာ ၉ ခ်က္ ရရွိခဲ့သည့္ လူငယ္သည္လည္း စိုးရိမ္ဖြယ္အေျခအေနႏွင့္ ရင္ဆိုင္ေနရေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ထားသည္။
လာဒဲလ္ဖီးယားၿမိဳ႕ေတာ္ဝန္ႏွင့္ရဲတပ္ဖြဲ႕တာဝန္ရွိသူမွ ယခုကဲ့သို႔ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ားကို တိုက္ဖ်က္ရန္ တရားဥပေဒစိုးမိုးေရး အရင္းအျမစ္မ်ား ပိုမိုသုံးစြဲသြားမည္ျဖစ္ေၾကာင္း သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

အေမရိကန္တြင္ ယခုႏွစ္ ပထမ ၆၆ ရက္အတြင္း ယခုကဲ့သို႔ အစုလိုက္အျပဳံလိုက္ပစ္ခတ္မႈ ၇၁ မႈအထိ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

=========

အမေရိကန်မှာ ပစ်ခတ်မှုဖြစ်ပြီး ဆယ်ကျော်သက် ကျောင်းသား ၈ ဦးသေဆုံး
March 7

အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကျောင်းသား ၈ ဦးနေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဗုဒ္ဓဟူးနေ့က Cottman Avenue နှင့် Rising Sun ရိပ်သာလမ်းဆုံရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု စောင့်ဆိုင်းနေချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်တစ်စီးအတွင်းမှ လူသုံးဦးထွက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်ခံရသူ ကျောင်းသား ကျောင်းသူများတွင် သေနတ်ဒဏ်ရာ ၉ ချက် ရရှိခဲ့သည့် လူငယ်သည်လည်း စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
လာဒဲလ်ဖီးယားမြို့တော်ဝန်နှင့်ရဲတပ်ဖွဲ့တာဝန်ရှိသူမှ ယခုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ ပိုမိုသုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်တွင် ယခုနှစ် ပထမ ၆၆ ရက်အတွင်း ယခုကဲ့သို့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၇၁ မှုအထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။