ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဟြိဳက္လန္း အဲဗာတန္အသင္းႏွင့္ပြဲစဥ္တြင္ ျပန္လည္ပါဝင္လာဖြယ္ရွိ

မတ္ ၇

မန္ယူအသင္းနဲ႔ ဒိန္းမတ္လက္ေရြးစင္းအသင္းရဲ့ တိုက္စစ္ကစားသမား ဟြိဳက္လန္းဟာ ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး ယခုအခါ ဒဏ္ရာျပန္လည္ သက္သာလာၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္(၂၈)အျဖစ္ လာမယ့္ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၇:၀၀ နာရီအခ်ိန္တြင္ မန္ယူအသင္းႏွင့္ အဲဗာတန္အသင္းတို႔ပြဲစဥ္၌ ျပန္လည္ ပါဝင္လာဖြယ္ရွိပါတယ္။

ယခုေဘာလုံးရာသီတြင္ အတၱလႏၲာအသင္းမွ မန္ယူအသင္းသို႔ ေျပာင္းေရႊ႕ကစားခဲ့သည့္ ဟြိဳက္လန္းဟာ ရာသီအစပိုင္းက သြင္းဂိုးမ်ားရရွိရန္ ခက္ခဲခဲ့ေသာ္လည္း ေနာက္ပိုင္းပြဲစဥ္မ်ားတြင္ အသင္းႏွင့္အတူ အေကာင္းဆုံး ေျခစြမ္းျပနိုင္ခဲ့ကာ သြင္းဂိုးမ်ား သြင္းယူနိုင္ေသာ္လည္း ေဖေဖာ္ဝါရီလ ၁၈ ရက္က ကစားခဲ့ေသာ လူတန္အသင္းႏွင့္ပြဲစဥ္တြင္ ေပါင္ႂကြက္သားဒဏ္ရာရရွိၿပီးေနာက္ အနားယူေနခဲ့ရသူျဖစ္ပါတယ္။

ဟိုက္လန္းဟာ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ အတြင္းက အသင္းႏွင့္အတူ အေကာင္းဆုံးေျခစြမ္းျပနိုင္ခဲ့ကာ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္က ေပးအပ္သည့္ “ Player of The Month “ တစ္လတာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။

အသက္၂၁အရြယ္ရွိ ဟြိဳက္လန္းဒဏ္ရာေၾကာင့္ အနားယူေနရသည့္အခ်ိန္တြင္ ႐ုန္းကန္ခဲ့ရၿပီး ဟိုက္လန္းမပါဝင္နိုင္သည့္ ပြဲစဥ္သုံးပြဲတြင္ ႏွစ္ပြဲရႈံးနိမ့္ကာ တစ္ပြဲသာအနိုင္ရရွိၿပီး အသင္းတိုက္စစ္ပိုင္းကလည္း သုံးပြဲတြင္ သုံးဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။

ဟြိဳက္လန္းဟာ မန္ယူအသင္းႏွင့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတြင္ ပြဲေပါင္း ၂၀ ကစားၿပီး ခုနစ္ဂိုးသြင္းယူနိုင္ကာ ဂိုးဖန္တီးမႈႏွစ္ႀကိမ္ ျပဳလုပ္ထားပါတယ္။

==========

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဟွိုက်လန်း အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိ

မတ် ၇

မန်ယူအသင်းနဲ့ ဒိန်းမတ်လက်ရွေးစင်းအသင်းရဲ့ တိုက်စစ်ကစားသမား ဟွိုက်လန်းဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ယခုအခါ ဒဏ်ရာပြန်လည် သက်သာလာပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီအချိန်တွင် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်၌ ပြန်လည် ပါဝင်လာဖွယ်ရှိပါတယ်။

ယခုဘောလုံးရာသီတွင် အတ္တလန္တာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဟွိုက်လန်းဟာ ရာသီအစပိုင်းက သွင်းဂိုးများရရှိရန် ခက်ခဲခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ သွင်းဂိုးများ သွင်းယူနိုင်သော်လည်း ဖေဖော်ဝါရီလ ၁၈ ရက်က ကစားခဲ့သော လူတန်အသင်းနှင့်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိပြီးနောက် အနားယူနေခဲ့ရသူဖြစ်ပါတယ်။

ဟိုက်လန်းဟာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်းက အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်က ပေးအပ်သည့် “ Player of The Month “ တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

အသက်၂၁အရွယ်ရှိ ဟွိုက်လန်းဒဏ်ရာကြောင့် အနားယူနေရသည့်အချိန်တွင် ရုန်းကန်ခဲ့ရပြီး ဟိုက်လန်းမပါဝင်နိုင်သည့် ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲသာအနိုင်ရရှိပြီး အသင်းတိုက်စစ်ပိုင်းကလည်း သုံးပွဲတွင် သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဟွိုက်လန်းဟာ မန်ယူအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲပေါင်း ၂၀ ကစားပြီး ခုနစ်ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားပါတယ်။