
မတ် ၅





==========

အမေရိကန်နှင့်စစ်ရေးလေ့ကျင့်နေသည့် တောင်ကိုရီးယားကို မြောက်ကိုရီးယားသတိပေး

မတ် ၅

နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် တောင်ကိုရီးယား၏ နွေရာသီစစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားက ပြစ်တင်ဝေဖန် သတိပေးခဲ့သည်။

တောင်ကိုရီးယားအနေဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးပြောဆိုလိုက်သည်။

အမေရိကန်နဲ့အတူ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မတ်လ ၄ ရက်နေ့ တနင်္လာနေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားသည် ယခင်နှစ်ထက် စစ်သည်အင်အား ၂ ဆ များပြားစွာပါ ဝင်ပူးပေါင်းခဲ့ကြောင်း သိရသည်။

ယခင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့် ၎င်းတိုအနေဖြင့် ပြန်လည်ပေါင်းစည်းရန်မဖြစ်နိုင်တော့သည့်အပြင် အဓိကရန်သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။