ဂ်ပန္နိုင္ငံကို လယ္ယာထြက္ကုန္မ်ား တိုးျမႇင့္တင္ပိုမည္

မတ္ ၆

လာမယ့္ဘ႑ာႏွစ္မွာ ဂ်ပန္နိုင္ငံကို ျမန္မာ့လယ္ယာထြက္ကုန္ေတြ တိုးျမႇင့္တင္ပိုနိုင္ဖိုအတြက္ ေဆာင္ရြက္ သြားမယ္လို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာန၊ သတင္းအခ်က္အလက္ နည္းပညာႏွင့္ အရည္အေသြးစီမံခန႔္ခြဲေရးဌာနခြဲက ညႊန္ၾကားေရးမႉး ဦးဆန္းျမင့္က ေျပာၾကားခဲ့ပါတယ္။

မတ္လ ၄ ရက္၊ မနက္ပိုင္းက ရန္ကုန္ၿမိဳကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI)မွာ ျပဳလုပ္တဲ့ ဂ်ပန္နိုင္ငံက စိုက္ပ်ိဳးေရးထြက္ကုန္ေတြအေပၚ ပိုးသတ္ေဆးဓာတ္ႂကြင္း အျမင့္ဆုံးကန႔္သတ္ခ်က္ေတြ အသိပညာျမႇင့္တင္ေရး အလုပ္႐ုံေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္နိုင္ငံကို ျမန္မာ့လယ္ယာထြက္ကုန္ေတြ တိုးျမႇင့္တင္ပိုနိုင္ဖိုအတြက္ အာဆီယံ-ဂ်ပန္နဲ႔ ဂ်ပန္နိုင္ငံက ပဲအသင္းေတြနဲ႔ ပိုမိုနီးကပ္စြာ တိုးျမႇင့္ေဆာင္ရြက္ သြားမယ္လို ညႊန္ၾကားေရးမႉး ဦးဆန္းျမင့္က ေျပာၾကားခဲ့ပါတယ္။

အခုဘ႑ာႏွစ္ ၁၁ လအတြင္းမွာေတာ့ ဂ်ပန္နိုင္ငံကို ျမန္မာ့လယ္ယာထြက္ကုန္ျဖစ္တဲ့ ပဲမ်ိဳးစုံတင္ပိုမႈဟာ တန္ခ်ိန္ တစ္ေသာင္းကိုးေထာင္ေက်ာ္ ရွိခဲ့တယ္လို သိရပါတယ္။

ျမန္မာနိုင္ငံကေန ဂ်ပန္နိုင္ငံကို လယ္ယာထြက္ကုန္ေတြ တင္ပိုရာမွာ ဂ်ပန္နိုင္ငံက သတ္မွတ္ထားတဲ့ ပိုးသတ္ ေဆး ဓာတ္ႂကြင္းပမာဏထက္ ေက်ာ္လြန္တဲ့ ျဖစ္ရပ္ေတြရွိတဲ့အတြက္ သတ္မွတ္ထားတဲ့ ပိုးသတ္ေဆး ဓာတ္ႂကြင္း ပမာဏအတြင္း တိုးျမႇင့္တင္ပိုနိုင္ဖိုအတြက္ အလုပ္႐ုံေဆြးေႏြးပြဲျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။

========

ဂျပန်နိုင်ငံကို လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပိုမည်
**********
မတ် ၆

လာမယ့်ဘဏ္ဍာနှစ်မှာ ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်တွေ တိုးမြှင့်တင်ပိုနိုင်ဖိုအတွက် ဆောင်ရွက် သွားမယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောကြားခဲ့ပါတယ်။

မတ်လ ၄ ရက်၊ မနက်ပိုင်းက ရန်ကုန်မြိုကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံးကန့်သတ်ချက်တွေ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်တွေ တိုးမြှင့်တင်ပိုနိုင်ဖိုအတွက် အာဆီယံ-ဂျပန်နဲ့ ဂျပန်နိုင်ငံက ပဲအသင်းတွေနဲ့ ပိုမိုနီးကပ်စွာ တိုးမြှင့်ဆောင်ရွက် သွားမယ်လို ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောကြားခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် ၁၁ လအတွင်းမှာတော့ ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲမျိုးစုံတင်ပိုမှုဟာ တန်ချိန် တစ်သောင်းကိုးထောင်ကျော် ရှိခဲ့တယ်လို သိရပါတယ်။

မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို လယ်ယာထွက်ကုန်တွေ တင်ပိုရာမှာ ဂျပန်နိုင်ငံက သတ်မှတ်ထားတဲ့ ပိုးသတ် ဆေး ဓာတ်ကြွင်းပမာဏထက် ကျော်လွန်တဲ့ ဖြစ်ရပ်တွေရှိတဲ့အတွက် သတ်မှတ်ထားတဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်း ပမာဏအတွင်း တိုးမြှင့်တင်ပိုနိုင်ဖိုအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။