ေျမာက္ကိုရီးယားက ခဲယမ္း ကြန္တိန္နာ ၆၇၀၀ ခန႔္ ႐ုရွားသို႔ ေပးပို႔ခဲ့ဟု ေတာင္ကိုရီးယား ေျပာၾကား

ယူကရိန္းနဲ႔ ျဖစ္ေနတဲ့ စစ္ပြဲမွာ ပံ့ပိုးကူညီမႈအျဖစ္ ေျမာက္ကိုရီးယားဟာ ဇူလိုင္လကစလို႔ ႐ုရွားနိုင္ငံကို သန္းနဲ႔ခ်ီေသာ ခဲယမ္း မီးေက်ာက္ေတြ ပါဝင္တဲ့ ကြန္တိန္နာ ၆၇၀၀ လုံးခန႔္ တင္ပို႔ခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးကို ကိုးကားၿပီး ေတာင္ကိုရီးယားမီဒီယာေတြက အဂၤါေန႔မွာ သတင္းေဖာ္ျပပါတယ္။
ကြန္တိန္နာေတြဟာ ၁၅၂ မမ အေျမာက္က်ည္ ၃ သန္းေက်ာ္ သို႔မဟုတ္ ၁၂၂ မမ က်ည္ ၅ သိန္း သယ္ေဆာင္နိုင္တဲ့အေရအတြက္ျဖစ္ေၾကာင္း တနလၤာေန႔က ေဒသဆိုင္ရာ မီဒီယာေတြကို သတင္းထုတ္ျပန္ရွင္းလင္းရာမွာ ကာကြယ္ေရးဝန္ႀကီး ရွင္းဝမ္ဆစ္ခ္က ေျပာဆိုခဲ့ပါတယ္။
က်ည္အမ်ိဳးအစား ႏွစ္မ်ိဳးေပါင္း တင္ပို႔တာျဖစ္နိုင္ၿပီး အနည္းဆုံးေတာ့ လက္နက္ႀကီးက်ည္ သန္းေပါင္းမ်ားစြာ ေပးပို႔ၿပီးျဖစ္တယ္လို႔ ေျပာလို႔ရေၾကာင္း ရွင္းက ေျပာဆိုတယ္လို႔ ယြန္ဟပ္သတင္း႒ာနက ေဖာ္ျပပါတယ္။
ေျမာက္ကိုရီးယား ခဲယမ္း မီးေက်ာက္စက္႐ုံ ရာခ်ီရွိရာမွာ ကုန္ၾကမ္းျပတ္လပ္မႈနဲ႔ လၽွပ္စစ္ဓါတ္အား မလုံေလာက္မႈေၾကာင့္ ၃၀ ရာခိုင္ႏႈန္းေလာက္ပဲ လည္ပတ္နိုင္တယ္ဆိုေပမယ့္ ႐ုရွားအတြက္ အေျမာက္က်ည္ ထုတ္လုပ္တဲ့ စက္႐ုံေတြကေတာ့ အျပည့္အ၀ လည္ပတ္ေနတယ္လို႔ သတင္းအခ်က္အလက္ရင္းျမစ္ အေသးစိတ္မပါဘဲ ၎က ေျပာဆိုခဲ့ပါတယ္။
ျပဳံယမ္းနဲ႔ ေမာ္စကိုတို႔အၾကား လက္နက္အေရာင္းအဝယ္ ရွိေနတယ္လို႔ ဆိုးလ္နဲ႔ ဝါရွင္တန္က စြပ္စြဲခဲ့ၿပီး ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အေရး ႐ုရွားကို လက္နက္ေတြ ေထာက္ပံ့ေနမႈအတြက္ ေျမာက္ကိုရီးယားကို ရႈတ္ခ်ေဝဖန္ခဲ့ၾကပါတယ္။ စစ္ဘက္ဆိုင္ရာ ပူေပါင္းေဆာင္ရြက္မႈ အားေကာင္းေအာင္ေဆာင္ရြက္ဖို႔ ကတိျပဳထားခဲ့ၾကတဲ့ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားဟာ ယခု စြပ္စြဲခ်က္ေတြကိုေတာ့ ျငင္းဆိုခဲ့ၾကေၾကာင္း သိရပါတယ္။
Ref: Reuters

=========

မြောက်ကိုရီးယားက ခဲယမ်း ကွန်တိန်နာ ၆၇၀၀ ခန့် ရုရှားသို့ ပေးပို့ခဲ့ဟု တောင်ကိုရီးယား ပြောကြား

ယူကရိန်းနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ ပံ့ပိုးကူညီမှုအဖြစ် မြောက်ကိုရီးယားဟာ ဇူလိုင်လကစလို့ ရုရှားနိုင်ငံကို သန်းနဲ့ချီသော ခဲယမ်း မီးကျောက်တွေ ပါဝင်တဲ့ ကွန်တိန်နာ ၆၇၀၀ လုံးခန့် တင်ပို့ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာတွေက အင်္ဂါနေ့မှာ သတင်းဖော်ပြပါတယ်။
ကွန်တိန်နာတွေဟာ ၁၅၂ မမ အမြောက်ကျည် ၃ သန်းကျော် သို့မဟုတ် ၁၂၂ မမ ကျည် ၅ သိန်း သယ်ဆောင်နိုင်တဲ့အရေအတွက်ဖြစ်ကြောင်း တနင်္လာနေ့က ဒေသဆိုင်ရာ မီဒီယာတွေကို သတင်းထုတ်ပြန်ရှင်းလင်းရာမှာ ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်ခ်က ပြောဆိုခဲ့ပါတယ်။
ကျည်အမျိုးအစား နှစ်မျိုးပေါင်း တင်ပို့တာဖြစ်နိုင်ပြီး အနည်းဆုံးတော့ လက်နက်ကြီးကျည် သန်းပေါင်းများစွာ ပေးပို့ပြီးဖြစ်တယ်လို့ ပြောလို့ရကြောင်း ရှင်းက ပြောဆိုတယ်လို့ ယွန်ဟပ်သတင်းဋ္ဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယား ခဲယမ်း မီးကျောက်စက်ရုံ ရာချီရှိရာမှာ ကုန်ကြမ်းပြတ်လပ်မှုနဲ့ လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် ၃၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တယ်ဆိုပေမယ့် ရုရှားအတွက် အမြောက်ကျည် ထုတ်လုပ်တဲ့ စက်ရုံတွေကတော့ အပြည့်အ၀ လည်ပတ်နေတယ်လို့ သတင်းအချက်အလက်ရင်းမြစ် အသေးစိတ်မပါဘဲ ၎င်းက ပြောဆိုခဲ့ပါတယ်။
ပြုံယမ်းနဲ့ မော်စကိုတို့အကြား လက်နက်အရောင်းအဝယ် ရှိနေတယ်လို့ ဆိုးလ်နဲ့ ဝါရှင်တန်က စွပ်စွဲခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အရေး ရုရှားကို လက်နက်တွေ ထောက်ပံ့နေမှုအတွက် မြောက်ကိုရီးယားကို ရှုတ်ချဝေဖန်ခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ ပူပေါင်းဆောင်ရွက်မှု အားကောင်းအောင်ဆောင်ရွက်ဖို့ ကတိပြုထားခဲ့ကြတဲ့ မြောက်ကိုရီးယားနဲ့ ရုရှားဟာ ယခု စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုခဲ့ကြကြောင်း သိရပါတယ်။
Ref: Reuters