အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများစတင်

မြောက်ကိုရီးယားနှင့်တင်းမာမှုများ မြင့်တက်လာချိန်တွင် အမေရိကန်နှင့်တောင်ကိုရီးယား အင်အားစုများသည် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ဆောင်ရွက်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။

သြဂုတ် ၃၁ ရက်မတိုင်မီအထိကြာမြင့်မည့် Ulchi -Freedom Guardian စစ်ရေးလေ့ကျင့်မှုများကို တောင် ကိုရီးယားနိုင်ငံ၌ တနင်္လာနေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများသည် အဓိကအားဖြင့် ကွန်ပျူတာပိုင်းဆိုင်ရာ လှုံ့ဆော်မှုများ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံကွပ်ကဲထိန်းချုပ်မှုကွင်းဆက်များ ကို စစ်ဆေးနိုင်ရန် ဒီဇိုင်းရေးဆွဲထား သည်ဟု သတင်းရင်းမြစ်များ က ဖော်ပြထားသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားတပ်မတော်မှ တာဝန်ရှိသူ ငါးသောင်းခန့်ပါဝင် ဆောင်ရွက် လျက် ရှိသည်။  အမေရိကန်တပ်မတော်မှတပ်ဖွဲ့ဝင်များပါဝင်မှုမှာ ပြီးခဲ့သည့် နှစ်က ၂၅ဝဝဝ ခန့်ပါဝင်ခဲ့ရာမှ ယခုနှစ်တွင် ၁၇၅ဝဝ သို့ လျှော့ချခဲ့ကြောင်း သိရသည်။

ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချလိုက်ခြင်းသည် မြောက်ကိုရီးယား နိုင်ငံနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမိုပြင်းထန်လာခြင်းကို ရှောင်ရှားရန် လျှော့ချ လိုက်ခြင်း ဖြစ်သည်ဟု တောင် ကိုရီးယားသတင်း မီဒီယာတချို့ကထင်ကြေးပေးခဲ့ကြသည်။

(အင်န်အိတ်ခ်ျကေ)