ကမၻာ့ ပထမဆုံး သစ္သား ၿဂိဳလ္တုကို အာကာသထဲ လႊတ္တင္ေတာ့မယ့္ ဂ်ပန္

ဂ်ပန္ဟာ ထူးထူးျခားျခား နည္းပညာေတြကို တီထြင္တဲ့ ေနရာမွာ နာမည္ႀကီးပါတယ္။ အခုလည္း ဂ်ပန္ သိပၸံပညာရွင္ေတြက ကမၻာ့ ပထမဆုံး သစ္သား ၿဂိဳလ္တုကို တီထြင္လိုက္ၿပီး ဒီေႏြရာသီမွာ သစ္သား ၿဂိဳလ္တုကို အေမရိကန္ ဒုံးပ်ံနဲ႔ အာကာသသို႔ လႊတ္တင္ေတာ့မွာပါ။
သဘာဝပတ္ဝန္းက်င္ ပ်က္ဆီးမႈကို ေလၽွာ့ခ်ဖို႔ သတၱဳ ၿဂိဳလ္တုအစား သစ္သား ၿဂိဳလ္တုကို တီထြင္တာ ျဖစ္ပါတယ္။ ဂ်ပန္ အာကာသယာဥ္မႉးနဲ႔ အာကာသ အင္ဂ်င္နီယာျဖစ္သူ Takao Doi က “ ၿဂိဳလ္တု အားလုံးဟာ ကမၻာေျမရဲ့ ေလထုထဲ ျပန္လည္ ဝင္ေရာက္လာတဲ့အခါ မီးေလာင္ပ်က္ဆီးၿပီး အလူမီနာ အမႈန္ေလးေတြ ျဖစ္ေပၚေစပါတယ္။ အဲဒီအမႈန္ေလးေတြဟာ ႏွစ္မ်ားစြာၾကာ ေလထုထဲမွာ တည္ရွိေနတဲ့အတြက္ ကမၻာႀကီးရဲ့ သဘာဝပတ္ဝန္းက်င္ကို ပ်က္ဆီးေစပါတယ္။ “ လို႔ ေျပာပါတယ္။
LignoSat လို႔ အမည္ေပးထားတဲ့ သစ္သားၿဂိဳလ္တုေလးဟာ ေကာ္ဖီခြက္ အရြယ္အစားပဲ ရွိပါတယ္။ Magnolia သစ္သားနဲ႔ တည္ေဆာက္ထားပါတယ္။ အဲဒီသစ္သားကို နိုင္ငံတကာ အာကာသစခန္း (ISS) မွာ စမ္းသပ္ထားၿပီးၿပီ ျဖစ္ၿပီး မာေက်ာကာ အက္ကြဲမႈဒဏ္ခံနိုင္ပါတယ္။
သစ္သားၿဂိဳလ္တုကို က်ိဳတို တကၠသိုလ္မွ သုေတသနပညာရွင္ေတြနဲ႔ Sumitomo Forestry သစ္ကုမၸဏီတို႔ ပူးေပါင္းတည္ေဆာက္ထားတာပါ။ သစ္သားၿဂိဳလ္တုေလးကို အာကာသထဲမွာ ၆ လၾကာ ထားရွိမွာပါ။ စမ္းသပ္မႈေအာင္ျမင္ရင္ အနာဂတ္မွာ ၿဂိဳလ္တုေတြကို သစ္သားနဲ႔ တည္ေဆာက္နိုင္ေတာ့မွာ ျဖစ္ပါတယ္။
Ref : theverge

=========

ကမ္ဘာ့ ပထမဆုံး သစ်သား ဂြိုလ်တုကို အာကာသထဲ လွှတ်တင်တော့မယ့် ဂျပန်

ဂျပန်ဟာ ထူးထူးခြားခြား နည်းပညာတွေကို တီထွင်တဲ့ နေရာမှာ နာမည်ကြီးပါတယ်။ အခုလည်း ဂျပန် သိပ္ပံပညာရှင်တွေက ကမ္ဘာ့ ပထမဆုံး သစ်သား ဂြိုလ်တုကို တီထွင်လိုက်ပြီး ဒီနွေရာသီမှာ သစ်သား ဂြိုလ်တုကို အမေရိကန် ဒုံးပျံနဲ့ အာကာသသို့ လွှတ်တင်တော့မှာပါ။
သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုကို လျှော့ချဖို့ သတ္တု ဂြိုလ်တုအစား သစ်သား ဂြိုလ်တုကို တီထွင်တာ ဖြစ်ပါတယ်။ ဂျပန် အာကာသယာဉ်မှူးနဲ့ အာကာသ အင်ဂျင်နီယာဖြစ်သူ Takao Doi က “ ဂြိုလ်တု အားလုံးဟာ ကမ္ဘာမြေရဲ့ လေထုထဲ ပြန်လည် ဝင်ရောက်လာတဲ့အခါ မီးလောင်ပျက်ဆီးပြီး အလူမီနာ အမှုန်လေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီအမှုန်လေးတွေဟာ နှစ်များစွာကြာ လေထုထဲမှာ တည်ရှိနေတဲ့အတွက် ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေပါတယ်။ “ လို့ ပြောပါတယ်။
LignoSat လို့ အမည်ပေးထားတဲ့ သစ်သားဂြိုလ်တုလေးဟာ ကော်ဖီခွက် အရွယ်အစားပဲ ရှိပါတယ်။ Magnolia သစ်သားနဲ့ တည်ဆောက်ထားပါတယ်။ အဲဒီသစ်သားကို နိုင်ငံတကာ အာကာသစခန်း (ISS) မှာ စမ်းသပ်ထားပြီးပြီ ဖြစ်ပြီး မာကျောကာ အက်ကွဲမှုဒဏ်ခံနိုင်ပါတယ်။
သစ်သားဂြိုလ်တုကို ကျိုတို တက္ကသိုလ်မှ သုတေသနပညာရှင်တွေနဲ့ Sumitomo Forestry သစ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတာပါ။ သစ်သားဂြိုလ်တုလေးကို အာကာသထဲမှာ ၆ လကြာ ထားရှိမှာပါ။ စမ်းသပ်မှုအောင်မြင်ရင် အနာဂတ်မှာ ဂြိုလ်တုတွေကို သစ်သားနဲ့ တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။
Ref : theverge