လီဗာပူးလ္အသင္းက လိဂ္ဖလားခ်န္ပီယံဆုကို ၁၀ ႀကိမ္ေျမာက္ရရွိ

ေဖေဖာ္ဝါရီ ၂၆

လီဗာပူးလ္အသင္းဟာ မေန႔ညက လိဂ္ဖလားဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးကို ၁-၀ ဂိုးနဲ႔အနိုင္ယူၿပီး ဒီရာသီ သူတို႔အတြက္ ပထမဆုံးခ်န္ပီယံဆုဖလား စတင္ဆြတ္ခူးခဲ့ပါတယ္။

သာမန္ပြဲကစားခ်ိန္အတြင္း ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ အခ်ိန္ပိုမိနစ္ ၃၀ ဆက္ကစားခဲ့ရၿပီး ၁၁၈ မိနစ္မွာ ဗန္ဒိုက္က တစ္လုံးတည္းေသာအနိုင္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ လိဂ္ဖလားခ်န္ပီယံဆုကို ၁၀ ႀကိမ္ေျမာက္ဆြတ္ခူးနိုင္ခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလၽွာက္ အႀကိမ္အမ်ားဆုံးဗိုလ္စြဲနိုင္တဲ့ ပထမဆုံးအသင္းအျဖစ္ ရပ္တည္ေနသလို အဲဒီ ၁၀ ႀကိမ္ထဲမွာ နည္းၿပ ယာဂန္ကေလာ့ပ္လက္ထက္အတြင္း ၂ ႀကိမ္ရရွိခဲ့ေၾကာင္း သိရပါတယ္။

========

လီဗာပူးလ်အသင်းက လိဂ်ဖလားချန်ပီယံဆုကို ၁၀ ကြိမ်မြောက်ရရှိ

ဖေဖော်ဝါရီ ၂၆

လီဗာပူးလ်အသင်းဟာ မနေ့ညက လိဂ်ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ၁-၀ ဂိုးနဲ့အနိုင်ယူပြီး ဒီရာသီ သူတို့အတွက် ပထမဆုံးချန်ပီယံဆုဖလား စတင်ဆွတ်ခူးခဲ့ပါတယ်။

သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျခဲ့တာကြောင့် အချိန်ပိုမိနစ် ၃၀ ဆက်ကစားခဲ့ရပြီး ၁၁၈ မိနစ်မှာ ဗန်ဒိုက်က တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လိဂ်ဖလားချန်ပီယံဆုကို ၁၀ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံးဗိုလ်စွဲနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် ရပ်တည်နေသလို အဲဒီ ၁၀ ကြိမ်ထဲမှာ နည်းပြ ယာဂန်ကလော့ပ်လက်ထက်အတွင်း ၂ ကြိမ်ရရှိခဲ့ကြောင်း သိရပါတယ်။