ဂျပန်ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အပြတ်အသတ် အနိုင်ရ

ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းနဲ့အပြိုင် စောစောစီးစီး ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ အာဘေးရဲ့ ညွန့်ပေါင်းက အမတ် ၄၆၅ နေရာရှိတဲ့ ပါလီမန်မှာ ၃၁၁ နေရာ အနိုင်ရဖွယ်ရှိတဲ့အတွက် အမျိုးသားရေးဝါဒီ လက်ရှိဝန်ကြီးချုပ်ဟာ ဂျပန်ရဲ့ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်လာဖို့ ရှိနေပါတယ်။

ရှင်ဇိုအာဘေးရဲ့  အားကောင်းတဲ့ အဓိကပြိုင်ဘက်ဖြစ်လာတဲ့ တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ကိုအီကဲကတော့ သူကိုယ်တိုင် ဝန်ကြီးချုပ်နေရာအတွက် မပြိုင်တာ အပါအဝင် တခြားအကြောင်းရင်းတွေကြောင့် လူကြိုက်များ မှု ကနေ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

(DVB)