ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳး‌ေရးပါတီ၊ ပါတီဉကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ေမာ္စကိုၿမိဳ႕တြင္ Russia United Party မွ ဦးစီးက်င္းပသည့္ “For the Freedom of Nations Forum” သို႔ တက္ေရာက္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳး‌ေရးပါတီ၊ ပါတီဉကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ေမာ္စကိုၿမိဳ႕တြင္ Russia United Party မွ ဦးစီးက်င္းပသည့္ “For the Freedom of Nations Forum”ကို ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၄)ရက္ေန႔မွ (၁၇) ေန႔အထိ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ထိုအစည္းအေဝးသည္ ေတာင္အေမရိက၊ အေရွ႕အလယ္ပိုင္း၊ အာဖရိက ႏွင့္ ဉေရာပ ေဒသမ်ားမွနိုင္ငံမ်ား၊ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္၊ ေျမာက္ကိုရီးယား၊ အာဖရိကန္ ယူနီယံအဖြဲ႕ဝင္နိုင္ငံမ်ား၊ အာဆီယံနိုင္ငံမ်ားျဖစ္ေသာ လာအို၊ ဗီယက္နမ္၊ ကေမၻာဒီးယား နိုင္ငံမ်ားမွ နိုင္ငံေရးပါတီအႀကီးအကဲမ်ားအပါအဝင္ နိုင္ငံေပါင္း(၆၀)ေက်ာ္မွ ပါတီ အႀကီးအကဲ(၆၀၀)ေက်ာ္တက္ေရာက္သည့္ “International Inter Party Forum” ျဖစ္ေၾကာင္း သိရွိရပါသည္။
ဖြင့္ပြဲအခမ္းအနားတြင္ ႐ုရွားသမၼတ ဗလာဒီမာပူတင္မွ Video Message ေပးပို႔ ခဲ့ၿပီး United Russia Party ဉကၠ႒ ဒီမီထရီမက္ဗီဒက္မွ တက္ေရာက္မိန႔္ခြန္း ေျပာၾကား ခဲ့ပါသည္။ ၄င္းဖိုရမ္တြင္ နိုင္ငံအသီးသီးမွ ပါတီေခါင္းေဆာင္မ်ားက က႑အလိုက္ ခြဲျခား ေဆြးေႏြးျခင္း၊ စုဖြဲ႕ေဆြးေႏြးျခင္း၊ သုံးသပ္ျခင္း၊ သေဘာထားမွတ္ခ်က္ေပးျခင္း၊ ကိုလိုနီ လက္သစ္ဝါဒတိုက္ဖ်က္ေရးအတြက္ နိုင္ငံေရးပါတီမ်ား ပူးေပါင္းေဆာင္ရြက္မည့္ နည္းလမ္းမ်ားကို ပူးတြဲထုတ္ျပန္ခ်က္ ထုတ္ျပန္ျခင္းမ်ား ေဆာင္ရြက္နိုင္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ကိုယ္စားလွယ္အဖြဲ႕သည္ United Russia Party၊ ေတာင္အေမရိက၊ အာရွႏွင့္ အာဆီယံေဒသပါတီမ်ားအပါအဝင္ နိုင္ငံ (၁၇)နိုင္ငံမွ (၁၇)ပါတီနဲ႔ ေတြ႕ဆုံေဆြးေႏြးအျမင္ခ်င္းဖလွယ္ျခင္းမ်ား ေဆာင္ရြက္နိုင္ခဲ့ ေၾကာင္းလည္း သိရွိရပါသည္။

=========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ၊ ပါတီဉက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် Russia United Party မှ ဦးစီးကျင်းပသည့် “For the Freedom of Nations Forum” သို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ၊ ပါတီဉက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် Russia United Party မှ ဦးစီးကျင်းပသည့် “For the Freedom of Nations Forum”ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ (၁၇) နေ့အထိ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုအစည်းအဝေးသည် တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာဖရိက နှင့် ဉရောပ ဒေသများမှနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြောက်ကိုရီးယား၊ အာဖရိကန် ယူနီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများဖြစ်သော လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံများမှ နိုင်ငံရေးပါတီအကြီးအကဲများအပါအဝင် နိုင်ငံပေါင်း(၆၀)ကျော်မှ ပါတီ အကြီးအကဲ(၆၀၀)ကျော်တက်ရောက်သည့် “International Inter Party Forum” ဖြစ်ကြောင်း သိရှိရပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်မှ Video Message ပေးပို့ ခဲ့ပြီး United Russia Party ဉက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်မှ တက်ရောက်မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ ၄င်းဖိုရမ်တွင် နိုင်ငံအသီးသီးမှ ပါတီခေါင်းဆောင်များက ကဏ္ဍအလိုက် ခွဲခြား ဆွေးနွေးခြင်း၊ စုဖွဲ့ဆွေးနွေးခြင်း၊ သုံးသပ်ခြင်း၊ သဘောထားမှတ်ချက်ပေးခြင်း၊ ကိုလိုနီ လက်သစ်ဝါဒတိုက်ဖျက်ရေးအတွက် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖွဲ့သည် United Russia Party၊ တောင်အမေရိက၊ အာရှနှင့် အာဆီယံဒေသပါတီများအပါအဝင် နိုင်ငံ (၁၇)နိုင်ငံမှ (၁၇)ပါတီနဲ့ တွေ့ဆုံဆွေးနွေးအမြင်ချင်းဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ ကြောင်းလည်း သိရှိရပါသည်။