မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမွ ျမန္မာ့ရိုးရာထမနဲထိုးၿပိဳင္ပြဲက်င္းပ

(၂၃.၂.၂၀၂၄)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံးဝန္းအတြင္း၌ ျမန္မာ့ရိုးရာထမနဲထိုးၿပိဳင္ပြဲက်င္းပျပဳလုပ္ခဲ့ရာ ပါတီဗဟိုအလုပ္အမႈေဆာင္ တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊ တိုင္းေဒသႀကီးပါတီအတြင္းေရးမႉး ဦးညြန္႔ေဆာင္၊တိုင္းဘ႑ာေရးမႉး ေဒၚသိဂႌေအာင္၊ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ေအာင္ေျမသာစံခရိုင္၊ မဟာေအာင္ေျမခရိုင္၊ အမရပူရခရိုင္တို႔မွ ပါတီဥကၠဌမ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ေကာ္မတီဝင္မ်ား၊ အဆိုပါခရိုင္မ်ားအတြင္းရွိ(၇)ၿမိဳ႕နယ္မွ ပါတီဥကၠဌႏွင့္ေကာ္မတီဝင္မ်ား၊ ၿပိဳင္ပြဲဝင္မ်ား၊ အမွတ္ေပးဒိုင္လူႀကီးမ်ား တက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္ တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးမွအဖြင့္အမွာစကားေျပာၾကားၿပီး ဒိုင္လူႀကီး(၁)ဦးမွအမွတ္ေပးစည္းမ်ဥ္းမ်ား ရွင္းလင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ ဒိုင္ခ်ဳပ္ႏွင့္ဒိုင္အဖြဲ႕ဝင္မ်ားမွ ၿမိဳ႕နယ္မ်ားအလိုက္ခင္းက်င္းျပင္ဆင္ထားမႈမ်ားအား လိုက္လံစစ္ေဆးၾကည့္ရႈခဲ့ၾကၿပီး ျမန္မာ့ရိုးရာထမနဲထိုးၿပိဳင္ပြဲအား စတင္က်င္းပခဲ့ၾကပါသည္။
ၿပိဳင္ပြဲအၿပီးတြင္ ဆုရရွိေသာၿမိဳ႕နယ္မ်ားအား တိုင္းေဒသႀကီးပါတီဥကၠဌႏွင့္တာဝန္ရွိသူမ်ားမွ ဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရွိရပါသည္။

=========

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

(၂၃.၂.၂၀၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးဝန်းအတွင်း၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊တိုင်းဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်တို့မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိ(၇)မြို့နယ်မှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားပြီး ဒိုင်လူကြီး(၁)ဦးမှအမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒိုင်ချုပ်နှင့်ဒိုင်အဖွဲ့ဝင်များမှ မြို့နယ်များအလိုက်ခင်းကျင်းပြင်ဆင်ထားမှုများအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား စတင်ကျင်းပခဲ့ကြပါသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသောမြို့နယ်များအား တိုင်းဒေသကြီးပါတီဥက္ကဌနှင့်တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။