ေမြထိုင္းလက္‌ေဝွ႕မယ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ဘေရာ္နီကာ

Thai Fight မွာ ၿပိဳင္စံရွားျဖစ္လာတဲ့ ကယန္းလက္ေဝွ႕မယ္ ဘေရာ္နီကာ ဟာ လာမည့္ တနဂၤေႏြေန႔တြင္ ထိုင္းေမြထိုင္းလက္‌ေဝွ႕မယ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္ေၾကာင္း သိရပါတယ္။

Thai Fight : King Of Muay Thai တြင္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ပြဲခ်ိန္နီးမွ ၿပိဳင္ဘက္ဖိုက္တာ ေပၚလာျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဘေရာ္နီကာ ထိုးသတ္မည့္သူမွာ ေမြ႕ထိုင္းဖိုက္တာ Fahsai ျဖစ္ၿပီး လာမည့္ ေဖေဖာ္ဝါရီလ (၂၅) ရက္ ညေနတြင္ ထိုးသတ္မည္ျဖစ္ကာ ယခင္ေတြ႕ဆုံမႈတြင္ ဘေရာ္နီကာက အနိုင္ရခဲ့ဖူးေၾကာင္း သိရပါတယ္။

ကယန္းလက္‌ေဝွ႕မယ္ ဘေရာ္နီကာသည္ (၂) ႏွစ္ဆက္တိုက္ အမ်ိဳးသမီး Thai Fight ခ်န္ပီယံျဖစ္ၿပီး (၁၇) ပြဲဆက္အနိုင္ ယူထားနိုင္သည့္ ၿပိဳင္ဘက္ကင္းလက္ေဝွ႕မယ္ တစ္ဦးလည္းျဖစ္ပါတယ္။

==========

မွေထိုင်းလက်‌ဝှေ့မယ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရော်နီကာ

February 23, 2024

Thai Fight မှာ ပြိုင်စံရှားဖြစ်လာတဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ဟာ လာမည့် တနင်္ဂနွေနေ့တွင် ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရပါတယ်။

Thai Fight : King Of Muay Thai တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲချိန်နီးမှ ပြိုင်ဘက်ဖိုက်တာ ပေါ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘရော်နီကာ ထိုးသတ်မည့်သူမှာ မွေ့ထိုင်းဖိုက်တာ Fahsai ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ (၂၅) ရက် ညနေတွင် ထိုးသတ်မည်ဖြစ်ကာ ယခင်တွေ့ဆုံမှုတွင် ဘရော်နီကာက အနိုင်ရခဲ့ဖူးကြောင်း သိရပါတယ်။

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင် ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်ပါတယ်။