ကျိန္တလီမြို့နယ်ပါတီ လပတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့ ပြည်ခိုင်ဖြိုးပါတီ လပတ်ညှိနှိုင်း အစည်းအဝေး ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြို့နယ်ပါတီရုံးတွင် ပြုလုပ် ကျင်းပရာ ပြည်နယ်ကော်မတီ ဒေါ်ခိုင်ဇင်ဦး၊ သံတွဲခရိုင်ပါတီကော်မတီဝင်များ၊ ဂွယ်မြို့နယ် ပါတီကော် မတီဝင်များ၊ ကျိန္တလီမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဒေါ်ခိုင်ဇင်ဦးမှ မြို့နယ်ပါတီ၏ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များနျှင့် စပ်လျဉ်း၍ အဖွင့် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော တာဝန်ရှိကော်မတီဝင်များမှ မြို့နယ် ပါတီ၏ လုပ်ဆောင်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ဒေါ်ခိုင်ဇင်ဦးနှင့် တာဝန်ခံ ကော်မတီဝင်များမှ ပြန်လည် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

#ခိုင်ဖြိုး(ကျိန္တလီ)