လိဂ္ဖလားဗိုလ္လုပြဲမတိုင္ခင္ လီဗာပူးကစားသမားမ်ား ဒဏ္ရာျပႆနာ ရင္ဆိုင္ေနရ

ေဖေဖာ္ဝါရီ ၂၀

လိဂ္ဖလားဗိုလ္လုပြဲမတိုင္ခင္ လီဗာပူး ကစားသမားေတြ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ၿပီခဲ့သည့္ သီတင္းအပတ္က ယွဥ္ၿပိဳင္ကစားခဲ့သည့္ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၅) အျဖစ္ ဘရန႔္ဖို႔ဒ္အသင္းႏွင့္ လီဗာပူးအသင္းတို႔ကစားသည့္ပြဲစဥ္တြင္ လီဗာပူး အသင္းက ဂိုးျပတ္အနိုင္ရရွိေသာ္လည္း အဓိကကစား သမားႏွစ္ဦးျဖစ္သည့္ တိုက္စစ္မႉး ဂ်ိဳတာႏွင့္ ကြင္း လယ္ကစားသမား ကာတစ္ဂ်ဳံးစ္တို႔ ဒဏ္ရာအသီးသီး ရရွိၿပီးေနာက္ ဒဏ္ရာရကစားသမား ပိုမိုမ်ားျပားလာေၾကာင္း သိရပါတယ္။

လီဗာပူးအသင္းက ဘရန႔္ဖို႔ဒ္အသင္းကို ႏူနက္စ္၊ မက္အယ္လက္စတာ၊ ဆာလက္ခ်္ႏွင့္ ဂက္ပိုတို႔၏သြင္းဂိုးမ်ားႏွင့္ ၄ ဂိုး- ၁ ဂိုးျဖင့္ ဂိုးျပတ္အနိုင္ရရွိခဲ့ေသာ္လည္း ပြဲခ်ိန္ ၃၄ မိနစ္တြင္ ကြင္းလယ္ကစားသမား ကာတစ္ဂ်ဳံးစ္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လူစားလဲထြက္ခြာခဲ့ရသကဲ့သို႔ ပြဲခ်ိန္ ၄၄ မိနစ္တြင္ အဓိကတိုက္စစ္မႉး ဂ်ိဳတာ ဒူးဒဏ္ရာရရွိကာ လူစားလဲ ထြက္ခြာခဲ့ရေသာေၾကာင့္ လီဗာပူးအသင္းအတြက္ ထိုးႏွက္ခ်က္မ်ား ျဖစ္လာဖြယ္ရွိေနပါတယ္။

လီဗာပူးအသင္းဟာ လိဂ္ဖလားဗိုလ္လုပြဲအျဖစ္ လာမယ့္ ေဖေဖာ္ဝါရီ ၂၅ ရက္ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ည(၉:၃၀)နာရီအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားသြားမည္ျဖစ္ပါတယ္။

========

လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လီဗာပူးကစားသမားများ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရ

ဖေဖော်ဝါရီ ၂၀

လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လီဗာပူး ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီခဲ့သည့် သီတင်းအပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အဖြစ် ဘရန့်ဖို့ဒ်အသင်းနှင့် လီဗာပူးအသင်းတို့ကစားသည့်ပွဲစဉ်တွင် လီဗာပူး အသင်းက ဂိုးပြတ်အနိုင်ရရှိသော်လည်း အဓိကကစား သမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူး ဂျိုတာနှင့် ကွင်း လယ်ကစားသမား ကာတစ်ဂျုံးစ်တို့ ဒဏ်ရာအသီးသီး ရရှိပြီးနောက် ဒဏ်ရာရကစားသမား ပိုမိုများပြားလာကြောင်း သိရပါတယ်။

လီဗာပူးအသင်းက ဘရန့်ဖို့ဒ်အသင်းကို နူနက်စ်၊ မက်အယ်လက်စတာ၊ ဆာလက်ချ်နှင့် ဂက်ပိုတို့၏သွင်းဂိုးများနှင့် ၄ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ပွဲချိန် ၃၄ မိနစ်တွင် ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲထွက်ခွာခဲ့ရသကဲ့သို့ ပွဲချိန် ၄၄ မိနစ်တွင် အဓိကတိုက်စစ်မှူး ဂျိုတာ ဒူးဒဏ်ရာရရှိကာ လူစားလဲ ထွက်ခွာခဲ့ရသောကြောင့် လီဗာပူးအသင်းအတွက် ထိုးနှက်ချက်များ ဖြစ်လာဖွယ်ရှိနေပါတယ်။

လီဗာပူးအသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲအဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည(၉:၃၀)နာရီအချိန်မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပါတယ်။