ေဒ၀ နဲ႔ ပရမ္ဆမ္နန္ လက္ေဝွ႕ပြဲ သေရက်

နိုဝင္ဘာ ၆

အလြတ္တန္း ကမၻာ့လက္ေဝွ႕ခ်န္ပီယံ ကေနဒါနိုင္ငံသား ေဒ၀ (Dave Ledus) သည္ ကေမၻာဒီးယား နိုင္ငံ၏လက္ရွိခ်န္ပီယံကို ျမန္မာကိုယ္စားျပဳၿပီး ထိုးသတ္ခဲ့ရာ အသာစီးျဖင့္ ထိုးသတ္နိုင္ခဲ့ေသာ္လည္း ပူးတြဲသေရရလာဒ္ျဖင့္သာ ေက်နပ္ခဲ့ရသည္။

ေဒ၀ႏွင့္ ကေမၻာဒီးယားနိုင္ငံ၏ လက္ရွိခ်န္ပီယံ ပရမ္ဆမ္နန္တို႔သည္ ဖႏြမ္းပင္ၿမိဳ႕၌ မေန႔ညက ၁၀ နာရီ ၅၀ မိနစ္က ကေမၻာဒီးယားရိုးရာအားကစားနည္းျဖစ္သည့္ ခြန္ခမာ ကစားနည္းအတိုင္း ၉ မိနစ္ တစ္ခ်ီထဲသာ အလဲထိုးနိုင္မွသာလ်င္ အနိုင္ရ (အမွတ္ေပးမရွိ) စည္းမ်ဥ္းျဖင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၾကျခင္းျဖစ္သည္။

ထိုသို႔ ယွဥ္ၿပိဳင္ထိုးသတ္ရာ ၉ မိနစ္ ျပည့္သည္အထိ အလဲမထိုးနိုင္ခဲ့သျဖင့္ ပူးတြဲသေရ က်သြားျခင္းလည္းျဖစ္သည္။
ေဒ၀ႏွင့္ ထိုးသတ္ခဲ့သည့္ ပရမ္ဆမ္နန္သည္ ယခုႏွစ္တြင္ 2023 Thai Fight ခ်န္ပီယံဘြဲ႕ကို ဆြတ္ခူးခဲ့သူျဖစ္ၿပီး ၿပီးခဲ့ေသာ ဆီးဂိမ္းက ျမန္မာလက္ေဝွ႕ေက်ာ္ ထြန္းထြန္းမင္းကို အမွတ္ျဖင့္အနိုင္ရၿပီး ေရႊတံဆိပ္ဆုရရွိခဲ့သူလည္းျဖစ္သည္။

===================

ဒေ၀ နဲ့ ပရမ်ဆမ်နန် လက်ဝှေ့ပွဲ သရေကျ

နိုဝင်ဘာ ၆

အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်ခဲ့ရာ အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဒေ၀နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်ဆမ်နန်တို့သည် ဖနွမ်းပင်မြို့၌ မနေ့ညက ၁၀ နာရီ ၅၀ မိနစ်က ကမ္ဘောဒီးယားရိုးရာအားကစားနည်းဖြစ်သည့် ခွန်ခမာ ကစားနည်းအတိုင်း ၉ မိနစ် တစ်ချီထဲသာ အလဲထိုးနိုင်မှသာလျင် အနိုင်ရ (အမှတ်ပေးမရှိ) စည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ယှဉ်ပြိုင်ထိုးသတ်ရာ ၉ မိနစ် ပြည့်သည်အထိ အလဲမထိုးနိုင်ခဲ့သဖြင့် ပူးတွဲသရေ ကျသွားခြင်းလည်းဖြစ်သည်။
ဒေ၀နှင့် ထိုးသတ်ခဲ့သည့် ပရမ်ဆမ်နန်သည် ယခုနှစ်တွင် 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့သူဖြစ်ပြီး ပြီးခဲ့သော ဆီးဂိမ်းက မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။