YBS ယာဥ္လိုင္း ၅၀ ေက်ာ္တြင္ YPS QR Code စနစ္ကို အသုံးျပဳနိုင္ၿပီ

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနသည့္ YBS ယာဥ္လိုင္းေပါင္း ၅၀ ေက်ာ္တြင္ YPS QRCode စနစ္ကို အသုံးျပဳနိုင္ၿပီျဖစ္ေၾကာင္း Yangon Payment Services – YPS မွ သိရသည္။
အဆိုပါယာဥ္လိုင္းမ်ားမွာ YBS (55)၊ YBS (13) ၊ YBS(57)၊ YBS (63)၊ YBS (42)၊ YBS (65)၊ YBS (22)၊ YBS (64)၊ Y BS (111)၊ YBS (133)၊ YBS (134)၊ YBS (84)၊ YBS(135)၊ Y BS (142)၊ YBS (130)၊ YBS (136)၊ YBS (138)၊ YBS (139)၊ YBS (39)၊ YBS (21)၊ YBS (131)၊ YBS (80) ၊ YBS (81) ၊YB S (132)၊ YBS (85) YBS (76) ၊ YBS (27)၊ YBS (66)၊ YBS (79) ၊ YBS (12)၊ YBS (14)၊ YBS (25)၊ YBS (30)၊ YBS (3 8)၊ YBS (117)၊ YBS (128) ၊ YBS (100)၊ YBS (103)၊ YBS (19)၊ YBS (40)၊ YBS (35)၊ YBS (61)၊ YBS (68)၊YBS (13 7)၊YBS (62)၊ YBS(87)၊ YBS (108)၊ YBS (88)၊ YBS (37)၊ YBS (43)၊ YBS (96)၊ YBS (104)၊ YBS (109)၊ YBS (72)၊ YBS (89) တို႔,ျဖစ္ၿပီးယာဥ္လိုင္းမ်ားတြင္ YPS QR စနစ္ကို အသုံးျပဳနိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ လက္ရွိအသုံးျပဳေနသည့္ YPS ကဒ္စနစ္အျပင္ ဖုန္းျဖင့္ယာဥ္စီးခေပးေခ်သည့္ စနစ္ကိုပါ အသုံးျပဳနိုင္ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ အသုံးျပဳနိုင္ေသာ္လည္း ခရီးသည္မ်ားအေနျဖင့္ ယင္းစနစ္ကို အသုံးျပဳရာတြင္ အခက္အခဲမ်ားရွိေနေသးေၾကာင္း၊ ဖုန္းျဖင့္ယာဥ္စီးခ ေပးေခ်မႈတြင္ iOS ဖုန္းမ်ားႏွင့္ေမာ္ဒယ္နိမ့္ဖုန္းမ်ား အသုံးျပဳ၍ မရေၾကာင္း သိရသည္။
ထို႔ျပင္ YBS ယာဥ္လိုင္းမ်ားတြင္ ယာဥ္စီးခေပးေခ်ရာ၌ အသုံးျပဳသည့္ YPS စက္မ်ားကို ပိတ္ထားသည့္ ယာဥ္ေမာင္းမ်ားကိုလည္း စတင္အေရးယူေဆာင္ရြက္ေနၿပီျဖစ္ကာခရီး သည္မ်ားအေနျဖင့္ YBS ယာဥ္လိုင္းမ်ားတြင္ စက္မဖြင့္ထားပါက ကားနံပါတ္ႏွင့္ ယာဥ္အမွတ္ကို ေပးပို႔အေၾကာင္းၾကားလၽွင္ သက္ဆိုင္ရာ ယာဥ္လိုင္းမ်ားႏွင့္ ပူးေပါင္းကာ ခ်က္ျခင္းစစ္ေဆးျပင္ဆင္ အေရးယူလ်က္ရွိေၾကာင္း သိရသည္။

===========

YBS ယာဉ်လိုင်း ၅၀ ကျော်တွင် YPS QR Code စနစ်ကို အသုံးပြုနိုင်ပြီ

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပေါင်း ၅၀ ကျော်တွင် YPS QRCode စနစ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း Yangon Payment Services – YPS မှ သိရသည်။
အဆိုပါယာဉ်လိုင်းများမှာ YBS (55)၊ YBS (13) ၊ YBS(57)၊ YBS (63)၊ YBS (42)၊ YBS (65)၊ YBS (22)၊ YBS (64)၊ Y BS (111)၊ YBS (133)၊ YBS (134)၊ YBS (84)၊ YBS(135)၊ Y BS (142)၊ YBS (130)၊ YBS (136)၊ YBS (138)၊ YBS (139)၊ YBS (39)၊ YBS (21)၊ YBS (131)၊ YBS (80) ၊ YBS (81) ၊YB S (132)၊ YBS (85) YBS (76) ၊ YBS (27)၊ YBS (66)၊ YBS (79) ၊ YBS (12)၊ YBS (14)၊ YBS (25)၊ YBS (30)၊ YBS (3 8)၊ YBS (117)၊ YBS (128) ၊ YBS (100)၊ YBS (103)၊ YBS (19)၊ YBS (40)၊ YBS (35)၊ YBS (61)၊ YBS (68)၊YBS (13 7)၊YBS (62)၊ YBS(87)၊ YBS (108)၊ YBS (88)၊ YBS (37)၊ YBS (43)၊ YBS (96)၊ YBS (104)၊ YBS (109)၊ YBS (72)၊ YBS (89) တို့,ဖြစ်ပြီးယာဉ်လိုင်းများတွင် YPS QR စနစ်ကို အသုံးပြုနိုင်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိအသုံးပြုနေသည့် YPS ကဒ်စနစ်အပြင် ဖုန်းဖြင့်ယာဉ်စီးခပေးချေသည့် စနစ်ကိုပါ အသုံးပြုနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ အသုံးပြုနိုင်သော်လည်း ခရီးသည်များအနေဖြင့် ယင်းစနစ်ကို အသုံးပြုရာတွင် အခက်အခဲများရှိနေသေးကြောင်း၊ ဖုန်းဖြင့်ယာဉ်စီးခ ပေးချေမှုတွင် iOS ဖုန်းများနှင့်မော်ဒယ်နိမ့်ဖုန်းများ အသုံးပြု၍ မရကြောင်း သိရသည်။
ထို့ပြင် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးချေရာ၌ အသုံးပြုသည့် YPS စက်များကို ပိတ်ထားသည့် ယာဉ်မောင်းများကိုလည်း စတင်အရေးယူဆောင်ရွက်နေပြီဖြစ်ကာခရီး သည်များအနေဖြင့် YBS ယာဉ်လိုင်းများတွင် စက်မဖွင့်ထားပါက ကားနံပါတ်နှင့် ယာဉ်အမှတ်ကို ပေးပို့အကြောင်းကြားလျှင် သက်ဆိုင်ရာ ယာဉ်လိုင်းများနှင့် ပူးပေါင်းကာ ချက်ခြင်းစစ်ဆေးပြင်ဆင် အရေးယူလျက်ရှိကြောင်း သိရသည်။