မာတီနက္ဇ္ဒဏ္ရာ စိုးရိမ္ရေၾကာင္း မန္ယူနည္းၿပ တန္ဟတ္ ေျပာ

ေဖေဖာ္ဝါရီ ၆

တနဂၤေႏြေန႔က ဝက္စ္ဟမ္းကို (၃)ဂိုးျပတ္နဲ႔အနိုင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ေနာက္ခံကစားသမား မာတီနက္ဇ္ရဲ့အေျခအေန အလြန္ဆိုးရြားဖြယ္ရွိတယ္လို႔ မန္ယူနည္းျပတန္ဟတ္က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လကမွ ေျခဖဝါးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရာရကေန ျပန္ေကာင္းလာတဲ့ မာတီနက္ဇ္ ဒဏ္ရာရခဲ့တာဟာ သူ႔အတြက္ ပုဂၢိဳလ္ေရးကံဆိုးမႈျဖစ္တယ္လို႔ နည္းျပတန္ဟတ္က ဆိုပါတယ္။

မာတီနက္ဇ္ဟာ ဒုတိယပိုင္းမွာ ဝက္စ္ဟမ္းေနာက္ခံလူ ကူဖယ္လ္ကိုကာၿပီး ဂိုးလြန္ေဘာလုပ္ဖို႔ႀကိဳးစားရင္း ဒဏ္ရရခဲ့တာပါ။ ဒါေၾကာင့္ ပြဲခ်ိန္(၇၁)မိနစ္မွာ မာတီနက္ဇ္ဟာ ဗာရန္းနဲ႔ လူစားလဲခဲ့ရပါတယ္။

မာတီနက္ဇ္ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး နည္းျပတန္ဟတ္က “ကၽြန္ေတာ္ ေသခ်ာမေျပာနိုင္ေပမယ့္ အေျခအေနက မေကာင္းပါဘူး။ စိုးရိမ္စရာေကာင္းပါတယ္။ ဒဏ္ရာကိုစစ္ေဆးဖို႔အတြက္ ရက္အနည္းငယ္ေစာင့္ရပါမယ္။ ဒါက သူ႔အတြက္ အလြန္ဆိုးသလို အသင္းအတြက္လည္း အလြန္ဆိုးပါတယ္။ သူဟာ ကၽြန္ေတာ္တို႔အတြက္ အလြန္အေရးပါတဲ့ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ ရလဒ္ပိုင္း ေကာင္းမြန္ေနတဲ့ မန္ယူအသင္းဟာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ အနိုင္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပး ဇယားရဲ့ အဆင့္(၆)ေနရာကို တက္ေရာက္နိုင္ခဲ့ပါတယ္။

===========

မာတီနက်ဇ်ဒဏ်ရာ စိုးရိမ်ရကြောင်း မန်ယူနည်းပြ တန်ဟတ် ပြော

ဖေဖော်ဝါရီ ၆

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို (၃)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံကစားသမား မာတီနက်ဇ်ရဲ့အခြေအနေ အလွန်ဆိုးရွားဖွယ်ရှိတယ်လို့ မန်ယူနည်းပြတန်ဟတ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လကမှ ခြေဖဝါးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရာရကနေ ပြန်ကောင်းလာတဲ့ မာတီနက်ဇ် ဒဏ်ရာရခဲ့တာဟာ သူ့အတွက် ပုဂ္ဂိုလ်ရေးကံဆိုးမှုဖြစ်တယ်လို့ နည်းပြတန်ဟတ်က ဆိုပါတယ်။

မာတီနက်ဇ်ဟာ ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းနောက်ခံလူ ကူဖယ်လ်ကိုကာပြီး ဂိုးလွန်ဘောလုပ်ဖို့ကြိုးစားရင်း ဒဏ်ရရခဲ့တာပါ။ ဒါကြောင့် ပွဲချိန်(၇၁)မိနစ်မှာ မာတီနက်ဇ်ဟာ ဗာရန်းနဲ့ လူစားလဲခဲ့ရပါတယ်။

မာတီနက်ဇ်ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နည်းပြတန်ဟတ်က “ကျွန်တော် သေချာမပြောနိုင်ပေမယ့် အခြေအနေက မကောင်းပါဘူး။ စိုးရိမ်စရာကောင်းပါတယ်။ ဒဏ်ရာကိုစစ်ဆေးဖို့အတွက် ရက်အနည်းငယ်စောင့်ရပါမယ်။ ဒါက သူ့အတွက် အလွန်ဆိုးသလို အသင်းအတွက်လည်း အလွန်ဆိုးပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

နောက်ပိုင်း ပွဲစဉ် တွေမှာ ရလဒ်ပိုင်း ကောင်းမွန်နေတဲ့ မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေး ဇယားရဲ့ အဆင့်(၆)နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။