ေဒါ့မြန္ကို တရားဝင္ အငွါး(၆)လ ေရာက္ရွိသြားၿပီျဖစ္တဲ့ ဆန္ခ်ိဳ

ဇန္နဝါရီ ၁၂

အသက္(၂၃)ႏွစ္အရြယ္ အဂၤလန္ ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ မန္ယူအသင္း နည္းၿပ အဲရစ္တန္ဟက္ဂ္နဲ႔ ဆက္ဆံေရးပိုင္း အဆင္မေပ ျဖစ္ေနရာကေန အသင္းေဟာင္း ေဒါ့မြန္ဆီ ျပန္လည္ ေျပာင္းေရႊ႕သြားခဲ့တာလည္းျဖစ္ပါတယ္။

ေဒါ့မြန္အသင္းႏွင့္ အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းႏွင့္ မိတ္ဆက္ပြဲ ျပဳလုပ္အၿပီး ယင္းေန႔မွာပင္ အသင္းႏွင့္ ေလ့က်င့္ခန္းခ်က္ခ်င္းဆင္းခဲ့ပါတယ္။

မန္ယူအသင္းဟာ ဆန္ခ်ိဳကို အသင္းဆီ အရ ေခၚယူနိုင္ဖို႔အတြက္ (၂)ႏွစ္နီးပါးခန႔္ ႀကိဳးပမ္းခဲ့ရတာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာပဲ ယူရို(၈၅)သန္းနဲ႔ ေခၚယူနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳက မန္ယူမွာ (၂)ရာသီထိ ကစားၿပီးခ်ိန္မွာေတာင္ (၁၂)ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ေျခစြမ္းျပဖို႔လည္း ႐ုန္းကန္ခဲ့ရပါတယ္။

==============

ဒေါ့မွန်ကို တရားဝင် အငှါး(၆)လ ရောက်ရှိသွားပြီဖြစ်တဲ့ ဆန်ချို

ဇန်နဝါရီ ၁၂

အသက်(၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ မန်ယူအသင်း နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်း အဆင်မပေ ဖြစ်နေရာကနေ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနှင့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းနှင့် မိတ်ဆက်ပွဲ ပြုလုပ်အပြီး ယင်းနေ့မှာပင် အသင်းနှင့် လေ့ကျင့်ခန်းချက်ချင်းဆင်းခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆန်ချိုကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် (၂)နှစ်နီးပါးခန့် ကြိုးပမ်းခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာပဲ ယူရို(၈၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုက မန်ယူမှာ (၂)ရာသီထိ ကစားပြီးချိန်မှာတောင် (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။