ဘက္ကင္ဟမ္နန္းေတာ္မွာ ညစာစားပြဲတက္ခဲ့တဲ့ Blackpink အဖြဲ႕

ေတာင္ကိုရီးယား ကမၻာေက်ာ္ေကေပါ့အဖြဲ႕ Blackpink ရဲ့အဖြဲ႕ဝင္ေလးဦးက ၿဗိတိန္ဘုရင္ႀကီး ခ်ားလ္စ္ရဲ့ ဘက္ကင္ဟမ္နန္းေတာ္မွာ တည္ခင္းတဲ့ ညစာစားပြဲကို အထူးဧည့္သည္ေတြအျဖစ္ တက္ေရာက္ခဲ့ၾကပါတယ္။
မိန္းကေလးအဆိုရွင္အဖြဲ႕ဝင္ေတြက ေတာင္ကိုရီးယား သမၼတ ယြန္ဆြတ္ယိုးလ္ နဲ႔ ဇနီးသည္ ကင္ကြမ္ဟီး တို႔နဲ႔အတူ နန္းေတာ္ ညစာစားပြဲကို တက္ေရာက္ၾကတာျဖစ္ပါတယ္။
ညစာစားပြဲကို ၿဗိတိန္ဘုရင္ ခ်ားလ္စ္ က တည္ခင္းဧည့္ခံတာျဖစ္ကာ သူ႔ရဲ့ ၾကင္ယာေတာ္ မိဖုရား ကာမီလာ ၊ အိမ္ေရွ႕မင္းသား ဝီလီလ်ံ နဲ႔ ၾကင္ယာေတာ္ မင္းသမီး ကိတ္မစ္ဒယ္လ္တန္ တို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။
ဘုရင္ႀကီးက သူ႔ရဲ့ မိန႔္ခြန္းမွာ Blackpink အဖြဲ႕အေၾကာင္းကို ထည့္သြင္းေျပာၾကားခဲ့ကာ ၿဗိတိန္ က ဥကၠ႒အျဖစ္ တာဝန္ယူခဲ့တဲ့ ကုလသမဂၢရာသီဥတု ထိပ္သီးေဆြးေႏြးပြဲ COP 26 မွာ သံတမန္အျဖစ္ေဆာင္ရြက္ေပးခဲ့တာ နဲ႔ ေနာက္ပိုင္းမွာ ကုလသမဂၢရဲ့ ေရရွည္ဖြံ့ၿဖိဳးတိုးတက္ေရးရည္မွန္းခ်က္ေတြ ကို ေထာက္ခံအားေပးသူ အျဖစ္ လုပ္ကိုင္ခဲ့တာေတြအတြက္ Blackpink အဖြဲ႕ဝင္ေတြကို ခ်ီးက်ဴးေျပာၾကားပါတယ္။

ကိုးကား – Justjared

===================

ဘက်ကင်ဟမ်နန်းတော်မှာ ညစာစားပွဲတက်ခဲ့တဲ့ Blackpink အဖွဲ့

တောင်ကိုရီးယား ကမ္ဘာကျော်ကေပေါ့အဖွဲ့ Blackpink ရဲ့အဖွဲ့ဝင်လေးဦးက ဗြိတိန်ဘုရင်ကြီး ချားလ်စ်ရဲ့ ဘက်ကင်ဟမ်နန်းတော်မှာ တည်ခင်းတဲ့ ညစာစားပွဲကို အထူးဧည့်သည်တွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။
မိန်းကလေးအဆိုရှင်အဖွဲ့ဝင်တွေက တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုးလ် နဲ့ ဇနီးသည် ကင်ကွမ်ဟီး တို့နဲ့အတူ နန်းတော် ညစာစားပွဲကို တက်ရောက်ကြတာဖြစ်ပါတယ်။
ညစာစားပွဲကို ဗြိတိန်ဘုရင် ချားလ်စ် က တည်ခင်းဧည့်ခံတာဖြစ်ကာ သူ့ရဲ့ ကြင်ယာတော် မိဖုရား ကာမီလာ ၊ အိမ်ရှေ့မင်းသား ဝီလီလျံ နဲ့ ကြင်ယာတော် မင်းသမီး ကိတ်မစ်ဒယ်လ်တန် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဘုရင်ကြီးက သူ့ရဲ့ မိန့်ခွန်းမှာ Blackpink အဖွဲ့အကြောင်းကို ထည့်သွင်းပြောကြားခဲ့ကာ ဗြိတိန် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂရာသီဥတု ထိပ်သီးဆွေးနွေးပွဲ COP 26 မှာ သံတမန်အဖြစ်ဆောင်ရွက်ပေးခဲ့တာ နဲ့ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေ ကို ထောက်ခံအားပေးသူ အဖြစ် လုပ်ကိုင်ခဲ့တာတွေအတွက် Blackpink အဖွဲ့ဝင်တွေကို ချီးကျူးပြောကြားပါတယ်။

ကိုးကား – Justjared