မိသားစုကိုအချိန်ပေးဖို့ အလုပ်တစ်နှစ်နားမယ့် မက်ဒေမွန်

ဟောလီးဝုဒ်စတား မက်ဒေမွန်ကတော့ မိသားစုကို အချိန်ပေးဖို့အတွက် အနုပညာလှုပ်ရှားမှုတွေကို တစ်နှစ်နားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

Daymon

အော်စကာဆုရ သရုပ်ဆောင်မင်းသား မက်ဒေမွန်က လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပြီးတဲ့ နောက်မှာ သမီးဦးလေးအတွက် ဖခင်ကောင်း တစ်ယောက်ဖြစ်ဖို့ အချိန်ယူ ပြင်ဆင်ချင်တယ်လို့ ပြောဆိုလိုက်တာပါ။

“ကျွန်တော် ရုပ်ရှင်ဇာတ်ကားတွေ အများကြီးလက်ခံခဲ့ပါတယ်။ ဇာတ်ကားလေးကား ဆက်တိုက်ရိုက်ပြီးပြီ။ နောက်ထပ်တစ်ကားပဲ ကျန်တော့တယ်။ ဒါပြီးရင်တော့ ကျွန်တော် အချိန်တစ်နှစ်လောက် နားချင်တယ်။ မိသားစု အတွက် အချိန်ပေးဖို့လိုနေလို့ပါ။ ကျွန်တော့်ဆုံးဖြတ်ချက်ကို ပရိသတ်တွေအနေနဲ့လည်း နားလည်မယ်လို့ မျှော်လင့်ပါတယ်” လို့ မက်ဒေမွန်က ပြောပါတယ်။

မက်ဒေမွန်ရဲ့ ဇနီးနဲ့သမီးတွေကို သူ့ရဲ့ရိုက်ကွင်းတွေမှာ အမြဲတွေ့ရလေ့ရှိပြီး အနီးကပ်ပံ့ပိုးမှုတွေကို လုပ်ပေးကြသူ တွေလည်းဖြစ်ပါတယ်။

မက်ဒေမွန်ဟာ The Great Wall ဇာတ်ကားကို မကြာမီက ရိုက်ကူးပြီးစီးခဲ့ပြီးတဲ့နောက် သိပ္ပံစိတ်ကူးယဉ် ဟာသဇာတ်ကား Downsizing ကို ဆက်လက် ရိုက်ကူးနေပါတယ်။

မက်ဒေမွန်အနေနဲ့ နောက်ဆုံးဇာတ်ကားရိုက်ကူးအပြီးမှာ သူအနားယူမယ့် ကာလကို ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရပါတယ်။

Ref: foxnews

#


Leave a Reply