အမေရိကမှာ သင်ယူခဲ့တဲ့ သရုပ်ဆောင်ပညာတွေနဲ့ အနုပညာခရီး ဆက်လက်လျှောက်လှမ်းသွားမယ့် ဟန်သီ

ဟန်သီက အမေရိကန်နိုင်ငံမှာ ရှိတဲ့ New York Film Academey  ကျောင်းမှာ သရုပ်ဆောင်ပညာကို တစ်နှစ်ကြာသင်ကြားပြီး နောက် ဇွန်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက် ပြီး နောက်ရက်မှာပဲ မဂ္ဂဇင်း၊ ဂျာနယ်တွေ
အတွက်   အလှဓာတ်ပုံများလည်း ရိုက်ကူးနေပြီ ဖြစ် ပါတယ်။

အမေရိကန်နိုင်ငံမှာ တစ်နှစ်တာ သင်ကြားခဲ့တဲ့ သရုပ် ဆောင်ပညာအတွေ့အကြုံများနဲ့ ပတ်သက်ပြီး ဟန်သီက “ဟန်သီတို့ သရုပ်ဆောင်တစ်ယောက်မှာ လိုအပ်တဲ့ နည်းလမ်း တွေ၊ သရုပ်မဆောင်ခင်မှာ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ၊ သရုပ်ဆောင်တ စ်ယောက် သိသင့်တဲ့Directing ကိုလည်း သင်ရ ပါတယ်။Fighting တွေလည်း သင်ရတယ်။ သီချင်းဆိုတာတွေ၊ သရုပ်ဆောင်တွေအ တွက် လိုအပ်တဲ့ ဇာတ်ညွှန်းရွေးတာတွေ၊ ရေး တာတွေလည်း သင်ယူခဲ့ရပါတယ်။ ဟိုမှာကျတော့ အလုပ်မှာ ပိုအာရုံ စိုက်ကြပြီး အချင်း ချင်း အပေးအယူမျှတယ်။ ရိုက်ကွင်းပေါ်မှာရှိတဲ့ လူမှန် သမျှက တာဝန်လည်း သေချာယူတတ်ကြတယ်။ အချိန်လည်း တိကျပါတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်ပြင် ဆင်မှုကအစ တအားကောင်းတယ်။ ဟန်သီတို့ တစ်နှစ်ပြီးသွားတဲ့ အခါ ဇာတ်လမ်းတိုလေး ရိုက်ကူးကြပါတယ်။ အဲဒါက ဟောလိဝုဒ် ရုပ်ရှင် လောကမှာ တကယ်ရိုက်ကူးနေတဲ့ သူတွေနဲ့ ဟန်သီတို့ ရိုက်ကူးရတာပါ။ ကျောင်းမှာ သင်တာထက်တောင် တော်တော်ကွာခြားမှုတွေရှိပါတယ်။ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်နဲ့ သူတို့ဆိုတော့ အလုပ်လုပ်ရတာ အဆင်ပြေ တယ်။ တစ်ခုခုကို မေးခွန်းမေးချင်ရင်လည်း အချိန်မရွေး ဖြေနိုင်ပြီးတော့ အကူ အညီလိုရင်လည်း ချက်ချင်းကူညီနိုင် တယ်။ ဒါကြောင့် ရိုက်ကွင်းမှာ ရိုက် ကူးတဲ့အခါမှာလည်း ဖီ လင်ပိုကောင်း ပြီး၊ အာရုံစိုက်ရတာ လည်း ပိုကောင်း စေတယ်” လို့ သူ့ရဲ့ အတွေ့အကြုံတွေ ကို ပြောပြပါတယ်။

ဟန်သီက အမေရိကမှာ သင် ယူခဲ့ရတဲ့ ပညာတွေနဲ့ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူး သွားဖို့ရှိပြီး ကမ်းလှမ်းလာမ ယ်ဆိုရင် တော့ ကာရိုက်တာရွေးချယ်ပြီး ရိုက် ကူးသွားမှာဖြစ်ကြောင်း ပြောပါ တယ်။

နိုင်ငံခြားမှာ တစ်နှစ်၊ ကျောင်း တက်ပြီးနောက်ပိုင်း ပြောင်းလဲလာ မှုတွေကိုတော့ဟန်သီက “အများ ကြီး ကိုယ့်ကိုယ်ကိုယ် အားကိုး တတ် လာပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ရတာဆိုတော့ အလုပ် တစ်ခုလုပ်မယ်ဆိုလည်း စိတ်ဖိစီးမှု လည်းများတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာတယ်။ အမှန်အမှားလည်း ခွဲခြားတတ်လာ ပါတယ်။ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်’ လို့ ပြောင်းလဲလာမှုတွေ ကို ပြောပြပါတယ်။

ဟန်သီအနေနဲ့ သရုပ်ဆောင် ပညာကို တစ်နှစ်သင်ကြားခဲ့ပြီး နောက်  ကျောင်းခဏနားထားဦးမှာ ဖြစ်ပြီး တစ်ချိန်ချိန်မှာတော့ သူ့ရဲ့ ပညာရေးကို ဆုံးခန်းတိုင်အထိ ဆက် လက်သင်ယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်


Leave a Reply