ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အင်္ဂပူမြို့ရှိ ကွန်ကရစ်တံတားဖွင့်ပွဲ တက်ရောက်

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ဘုရားကိုင်း ကိုင်းမြင်းစိုင်းတောင်ကြောရှိ တိုင်တစို့-နန်ကသူ ချောင်းကူးတံ တားဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၁) ရက် နံနက် ၉နာရီတွင် အဆိုပါတံတား ၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး၊ ဟင်္သာတခရိုင် ပါတီအလုပ အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ် ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်ခိုင်ဖြိုး ပါတီ ရပ်/ကျေးစည်းရုံးရေးမှူးများ တက်ရောက်ကြသည်။

13407061_296931213973491_7007366475775400075_n 13445604_296931157306830_6927319541545898911_n

ရှေးဦးစွာ အလှူရှင် ဒုတိယဥက္ကဋ္ဌဦးဌေးဦး၊ ကျောက် ကြီး မြောင်ဆရာတော် ဦးရာဇိန္ဒ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုဇင်၊ အင်္ဂပူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ တို့က တိုင်တစို့-နန်ကသူတံတား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။


ထို့နောက် ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အဖွဲ့သည် ဘုရားကိုင် ကိုင်းရှိ တိုင်တစို့ကျောင်းတိုက်၌ ကျောက်ကြီးမြောင်ကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒ၊ ဦးစီးဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီး ရေစက်ချတရားနာယူကြသည်။ ၄င်းနောက်အခမ်းအနားအစီ အစဉ်ဒုတိယပိုင်းကို ဆက်လက် ပြုလုပ်ရာ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဖွင့်အမှာစကား ပြောကြားရာ နန်ကသူသာသနာ့ နယ်မြေမှ အဘဦးလှခိုင်က ဘုရားကိုင်းကိုင်း မြင်းစိုင်းတောင်ကြောရှိ တိုင်တစို့-နန်ကသူ ချောင်းကူး တံတား ကျေးရွာလူထုထံမှ စုပေါင်း၍ သစ်သားတံတားဆောက်လုပ်ထားရာ ရေစီးနှင့်မျောပါသွားကြောင်း၊

သို့ဖြစ်၍ ဒေသခံပြည်သူများ သွာလာရေးအခက်အခဲဖြစ် နေကြောင်း၊ ၄င်းတို့အနေဖြင့်လည်း ဆောက်လုပ်ရန် မတက်နိုင်သည့် အတွက် ဆောက်လုပ်ပေးရန် ၂ဝ၁၄ ခုနှစ် ဇူလိုင်လ၌ စာရေး၍ ပြောကြားခဲ့ကြောင်း၊ အဆိုပါတံတားမှာ နယ်မြေခံလူထုအတွက်လည်း အမှန်တကယ် အသုံးဝင်သည့် တံတားဖြစ်သည့်အတွက် မိမိအနေ ဖြင့် လှူဒါန်းပေးရန်ဖြစ်ခဲ့ကြောင်း၊ ၂ဝ၁၄ခုနှစ် စက်တင်ဘာလမှစ၍ စတင်ဆောက်လုပ်ခဲ့ကြောင်း၊ ယခုလို အောင်မြင်စွာတည်ဆောက် နိုင်ခြင်းသည် ကျောက်ကြီးမြောင် ဆရာတော် ဦးရာဇိန္ဒ၊ ကျွဲတဲကျောင်း ဆရာတော် ဦးပဏ္ဍိနှင့် ကျေးရွာလူထု၏ ဝိုင်းဝန်းဆောင် ရွက်မှုကြောင့်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ကျေးရွာလူထုနည်းတူ ဝမ်းမြောက်ပါကြောင်း၊ ဆက် လက်ပြီးလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် တံတားကြီး ရေရှည်ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ပြောကြားသည်။


ဆက်လက်၍ အလှူရှင်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက တံတားနှင့် ပတ်သက်သော စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ရာ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက လက်ခံရယူခဲ့သည်။


၎င်းနောက် တံတားသစ်ဆောက် လုပ်ရေးကော်မတီဝင် ရပ်မိရပ်ဖ ဦးထွန်းထွန်းဦးက ကျေးဇူးတင်စ ကား ပြန်လည်ပြောကြားပြီး တံတားတည်ဆောက်ရေးတာဝန်ခံ ဦးအောင်ပန်းက တံတားတည် ဆောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


၎င်းနောက်ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ တိုင်တစို့-နန်ကသူ ချောင်းကူးတံတားမှာ စေတီခုံအုပ် စု လှည်းမှောက်ရွာ၊ ကြီးဝိုင်းကြီး ရွာ၊ တိုင်တစို့ရွာ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ နန်ကသူချောင်းပေါ် ၌တည်ဆောက်ထားပြီး အလျား ၁၅၆ပေ၊ အနံ ၁၄ပေ၊ အမြင့် ၁၃ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်ကြောင်း သိရသည်။


Leave a Reply