အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ပါတီဝင်လူငယ်များ ပါဝင်ဆင်နွှဲ

(၂၅-၁၀၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၆-ခုနှစ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား) ကလပ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ် များနှင့် ပါတီအပေါ် စိတ်ဝင်စားသည့်လူငယ်များမှ စုဖွဲ့၍ Lion Fc အမည်ဖြင့် အသင်းတစ်သင်းအဖြစ်ပါဝင်ကစားသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် NGWE KYAL PHYO CO;LTD Nearamit Contraction ကုမ္ပဏီတို့မှ အသင်းကို Sponsor ပေးထားကြောင်း သိရသည်။

phuse1

Lion Fc အသင်းအုပ်ချုပ်သူအဖြစ် တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ အသင်းနည်းပြအဖြစ် တာချီလိတ်မြို့နယ်ပါတီ လူငယ်ရေးရာတာဝန်ခံ ဦးကျော်ငြိမ်းအောင်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမားများအဖြစ် မောင်ဝင်းကို၊ မောင်ညီညီဦး၊ မောင်ကျော်ဇင်ဦး၊ မောင်ပတ်ထရစ်၊ မောင်သူရ၊ မောင်ဖိုးခွာ၊ မောင်ဝင်းမိုးထက်၊ မောင်းလားဟူ၊ မောင်ကျော်စောဝင်း၊ မောင်သိန်းမင်းမြတ် တို့မှ ပါဝင် ယှဉ်ပြိုင်ကစားသွားကြမည်ဟု သိရသည်။

အုပ်စုအဖွင့်ပွဲအနေဖြင့် မေတ္တာမွန်လူငယ်အသင်းနှင့် အုပ်စုပွဲစဉ်တွင် ယှဉ်ပြိုင်ကစားသွားရမည်ဟု သိရသည်။

# ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


Leave a Reply