လာအိုနိုင္ငံ၌ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူအေရအတြက္ ျမင့္တက္

ေအာက္တိုဘာ ၁၈
လာအိုနိုင္ငံ ဗီယင္က်န္းျပည္နယ္မွ အသက္ခုနစ္ႏွစ္အရြယ္ ကေလးငယ္ တစ္ဦး ေသြးလြန္ တုပ္ေကြး ေရာဂါျဖင့္ ေသဆုံးမႈကို အတည္ျပဳခဲ့ၿပီး ယင္းဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၈ ဦးအထိရွိလာၿပီ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားသည္။
လက္ရွိအခ်ိန္အထိ ေရာဂါျဖစ္ပြားသူ ၃၀၈၅၃ ဦးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ က်န္းမာေရးသတင္းအခ်က္ အလက္ ထုတ္ျပန္ေရးဌာနက ထုတ္ျပန္ခဲ့သည္။ နိုင္ငံအတြင္းရွိေသြးလြန္ တုပ္ေကြးေရာဂါ၊ ျဖစ္ပြားမႈအမ်ားဆုံး ခရိုင္တြင္ ၅၂၉၃ ဦးရွိေၾကာင္း သိရသည္။
လာအိုနိုင္ငံၿမိဳ႕ေတာ္ဗီယင္က်န္းတြင္ ေရာဂါ ကူးစက္ခံရသူ ၄၆၂၁ ဦးႏွင့္ ခမ္းမြမ္ခရိုင္တြင္ ၃၇၄၂ ဦး ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားခဲ့သည္။ မိုးရာသီ ကုန္ဆုံးခါနီးျဖစ္ေသာ္လည္း စံခ်ိန္မီေသြးလြန္တုပ္ ေကြး ကာကြယ္မႈအစီအမံမ်ားကို လူတိုင္း လိုက္နာေဆာင္ရြက္သင့္ေၾကာင္း က်န္းမာေရးတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္တိုက္ဖ်က္ရာတြင္ ပိုမိုေကာင္းမြန္ေသာ က်န္းမာ ေရးဝန္ေဆာင္မႈမ်ား ေပးေဆာင္နိုင္ရန္ လာအိုက်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ ကၽြမ္းက်င္ပညာရွင္မ်ား၏အရည္အေသြးကို ျမႇင့္တင္သြားမည္ဟု သိရသည္။

============================

လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူအရေအတွက် မြင့်တက်

အောက်တိုဘာ ၁၈

လာအိုနိုင်ငံ ဗီယင်ကျန်းပြည်နယ်မှ အသက်ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦး သွေးလွန် တုပ်ကွေး ရောဂါဖြင့် သေဆုံးမှုကို အတည်ပြုခဲ့ပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားသူ ၃၀၈၅၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးသတင်းအချက် အလက် ထုတ်ပြန်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်းရှိသွေးလွန် တုပ်ကွေးရောဂါ၊ ဖြစ်ပွားမှုအများဆုံး ခရိုင်တွင် ၅၂၉၃ ဦးရှိကြောင်း သိရသည်။
လာအိုနိုင်ငံမြို့တော်ဗီယင်ကျန်းတွင် ရောဂါ ကူးစက်ခံရသူ ၄၆၂၁ ဦးနှင့် ခမ်းမွမ်ခရိုင်တွင် ၃၇၄၂ ဦး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သည်။ မိုးရာသီ ကုန်ဆုံးခါနီးဖြစ်သော်လည်း စံချိန်မီသွေးလွန်တုပ် ကွေး ကာကွယ်မှုအစီအမံများကို လူတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တိုက်ဖျက်ရာတွင် ပိုမိုကောင်းမွန်သော ကျန်းမာ ရေးဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် လာအိုကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျွမ်းကျင်ပညာရှင်များ၏အရည်အသွေးကို မြှင့်တင်သွားမည်ဟု သိရသည်။